လှိုင်သာယာတွင် အရပ်၀တ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့၀င်များက ပြည်သူများကို ပစ်ခတ်ဖမ်းဆီး

လှိုင်သာယာတွင် အရပ်၀တ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့၀င်များက ပြည်သူများကို ပစ်ခတ်ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အမှတ် (၂၀)ရပ်ကွက်၊ ၈၆ ဂိတ်ဟောင်းကားမှတ်တိုင် အနီးတွင် အရပ်ဝတ်ဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လူငယ်နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကိုပြောသည်။ 

"အဌားယာဉ်နှစ်စီးနဲ့ လာတာ အကုန်အရပ်ဝတ်တွေနဲ့၊ သူတို့ကစောင့်နေတာ၊ ကောင်လေးနှစ်ယောက်တွေ့တော့ သေနတ်နဲ့လှမ်းပစ်တာ ကောင်လေးတယောက်က ဗိုက်ထိသွားတယ်။ အဲဒီကောင်လေးကို တရွတ်တိုက်ဆွဲခေါ်ပြီး သူတို့ကားပေါ်တင်ခေါ်သွားတယ်" ဟု မျက်မြင်တစ်ဦးက‌ ပြောသည်။ 

ဩဂုတ် ၂၈ရက် ညနေ ၆နာရီကျော်ခန့်က  စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးခန့်သည်  အဌားယာဉ် နှစ်စီးဖြင့်  ရောက်လာပြီး စောင့်ဆိုင်းနေခြင်းဖြစ်သည်။ 

"ဝင်းဇော် ဆိုတဲ့ စစ်ကောင်စီသတင်းပေးလည်းပါတယ်။ သူကိုယ်တိုင်အဲဒီကောင်လေးတွေကို ဆိုင်ကယ်နဲ့ဖမ်းတာ၊  သေနတ်သံ ၄ ချက်ကျော်လောက်ကြားရတယ်" ဟုမျက်မြင် ဒေသခံတစ်ဦးက ဆိုသည်။ 

လှိုင်သာယာမြို့နယ်တွင် အရပ်ဝတ်ဖြင့်အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူများကို ပစ်ခတ်ဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly