မင်းတပ်မြို့ပေါ် ရပ်ကွက်များတွင် နေ့လည်ဘက် ဧည့်စာရင်းနှင့်အိမ်ထောင်စုစာရင်းစစ်

မင်းတပ်မြို့ပေါ် ရပ်ကွက်များတွင် နေ့လည်ဘက် ဧည့်စာရင်းနှင့်အိမ်ထောင်စုစာရင်းစစ်

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် စစ်သားနှင့်ရဲအယောက်၃၀ဝန်းကျင်မှ မြို့ပေါ်လူနေရပ်ကွက်များတွင် ဧည့်စာရင်းနှင့် အိမ်ထောင်စုစာရင်း လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

ယနေ့ (ဩဂုတ် ၂၈ ရက်) နံနက်၁၀နာရီဝန်းကျင်တွင် မင်းတပ်မြို့ဘဝသစ်ရပ်ကွက်တွင် အိမ်ထောင်စုစာရင်းများကို လိုက်လံမေးမြန်း ကောက်ယူနေကြောင်းသိရသည်။

''မနက်က ကျွန်မတို့အိမ်ကို အယောက် ၃၀လောက်လာပြီး စစ်ကြတာ၊အိမ်မှာလူဦးရေဘယ်လောက်ရှိလဲ ။ ကျားကဘယ်နှစ်ယောက်လဲ။ မကဘယ်နှစ်ယောက်လဲဆိုပြီး မေးမြန်းပြီးစာရင်းတွေ မှတ်သွားကြတယ်။ လူမရှိတဲ့ အိမ်တွေကြတော့ ကျော်သွားတာတွေ့ရတယ်''ဟု ဘဝသစ်ရပ်ကွက်ရှိအမျိုးသမီးတစ်ဦးကပြောသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်များနှင့် CDF(မင်းတပ်) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် လုံခြုံရေးတင်းကြပ်လျက်ရှိပြီး ယမန်နေ့ကလည်း ခြံစိုက်နေသည့် လူငယ်တစ်ဦးကို ဖမ်းဆီးခါ်ဆောင်သွားခဲ့ ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required