သင်္ဃန်းကျွန်း သမာဓိ (၂ ) လမ်းက လူငယ် ၂ဦးကို စစ်ကောင်စီဝင်ဖမ်း

သင်္ဃန်းကျွန်း သမာဓိ (၂ ) လမ်းက လူငယ် ၂ဦးကို စစ်ကောင်စီဝင်ဖမ်း

ဩဂုတ် ၂၇

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သင်္ဃာန်း ဆ/က ရပ်ကွက် သမာဓိ (၂)လမ်းက လူငယ်နှစ်ဦးကို ယနေ့ ဩဂုတ်လ ၂၇ရက် ည ၁၀ နာရီခန့်က စစ်ကောင်စီအဖွဲ့တွေက အင်အားအလုံးအရင်းဖြင့် လာဖမ်းသွားကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သားတွေ ကား လေးစီး၊ စစ်သား နှင့် ရဲအပါအဝင် ၁၅ဦးခန့်ဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး သေနတ် သုံးချက်ဖောက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

"လမ်းထဲက သတင်းပေးရှိတယ်။ ပါသွားတာလူငယ်လေးတွေ လူစိမ်းတွေပေ့ါ။ သူတို့ကို ပြီးခဲ့တဲ့ ၂ရက်လောက်ကမှ လမ်းထဲစတွေ့တာ။ ဖမ်းသွားတာ အထုပ်အပိုးတွေပါ ဆွဲယူသွားကြတယ်" ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့က မြို့နယ်အများစုတွင် ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly