ကျောက်မဲတွင် RCSSနှင့် SSPP၊TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာရ

ကျောက်မဲတွင် RCSSနှင့် SSPP၊TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာရ

ဩဂုတ် ၂၇

ကျောက်မဲမြို့နယ် လွယ်ကုန်ကျေးရွာတွင် RCSSနှင့် SSPP၊TNLAပူးပေါင်းတပ်ဖွဲဲ့တို့ ဩဂုတ်ည၂၆ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သားအမျိုးသားတစ်ဦး သေနတ်ကျည်ဆန် ထိမှန်ခဲ့ပြီး နောက်တစ်ဦးသည် မိုင်းထိဒဏ်ရာရခဲ့သည်ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးကပြောသည်။

ဒဏ်ရာရသူနှစ်ဦးမှာ အသက် ၄၀ နှင့် ၅၀အရွယ်အမျိုးသားနှစ်ဦးဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရဖြင့် ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် RCSS နှင့် SSPP ၊ TNLA တို့သည် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားရာမှစကာ ကျောက်မဲမြို့နယ်တွင် ၂၀၁၉ ခုနှစ်ကတည်းက တိုက်ပွဲများစတင်ဖြစ်ခဲ့သည်။

ယခု သြဂုတ်လအတွင်း တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး အရပ်သား တစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

ယင်းစစ်ပွဲများကြောင့် အရပ်သား လူနေအိမ်များပျက်စီးခဲ့ရပြီး အရပ်သားများကို အမှန်တကယ် စာနာပါက တိုက်ပွဲ ချက်ချင်းရပ်ကြရန် စစ်ဘေးရှောင်များက တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly