သာကေတ တက်လမ်းအိမ်ရာ တိုက်ခန်းမီးလောင်၊ လင်မယား ၂ယောက် သေဆုံး

သာကေတ တက်လမ်းအိမ်ရာ တိုက်ခန်းမီးလောင်၊ လင်မယား ၂ယောက် သေဆုံး

ဩဂုတ် ၂၇

သာကေတမြို့နယ် ၁၀တောင် , ၁၂ရပ်ကွက် ရတနာလမ်းရှိ တက်လမ်းအိမ်ရာ၏ လေးလွှာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်တွင်နေထိုင်သည့် လင်မယားနှစ်ယောက်လုံး သေဆုံးခဲ့သည်။

ယင်းအခန်းတွင်နေထိုင်သည့် ဇနီးမောင်နှံတွင် အမျိုးသမီးဖြစ်သူကို ရေချိုးခန်းအတွင်းသေဆုံးလျက် တွေ့ရှိရပြီး အမျိုးသားဖြစ်သူကို အိမ်ခန်းအတွင်း သေဆုံးလျက် တွေ့ရှိရကြောင်း ထိုအိမ်ရာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

"လင်မယားနှစ်ယောက်လုံးဆုံးသွားတာပါ။" ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

"မီးကတော့ တအားမများဘူး။ ပေါက်ကွဲသံတော့ကြားရတယ်။ သာကေတမြို့နယ် မီးသတ်ကား လေးစီး လာငြှိမ်းသတ်သွားပါတယ်" ဟု ၎င်းက ဆိုသည်။

မီးလောင်မှုသည် ယနေ့ (ဩဂုတ် ၂၇ရက်) ၅နာရီ ၄၅ မိနစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၆ နာရီခွဲခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့သည်။ မီးငြိမ်းပြီးနောက်ပိုင်းတွင် ထိုအိမ်ရာအတွင်း စစ်ကောင်စီတပ်သားများ ရောက်ရှိလာကြောင်း အနီးနားတွင်နေထိုင်သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly