လက်ရှိ လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကိုယ်စားလှယ်များကို ချီးမြှင့်ငွေပေးမည်

လက်ရှိ လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကိုယ်စားလှယ်များကို ချီးမြှင့်ငွေပေးမည်

နေပြည်တော်၊ ဒီဇင်ဘာ ၁၄ ။        ။ လက်ရှိ လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် ကိုယ်စားလှယ်များကို တလုံးတစ်ခဲတည်း ချီးမြှင့်ငွေပေးရန် စာရင်းကောက်ယူနေကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ထံမှသိ ရသည်။

နိုင်ငံရေးပင်စင် ချီးမြှင့်ငွေမဟုတ်ကြောင်းနှင့် လွှတ်တော်လုပ်ငန်းများ တာဝန်ထမ်းဆောင်ခဲ့ သည့်အတွက် တလုံးတစ်ခဲတည်း ချီးမြှင့်ငွေဟုပြော၍ ရကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဦးစိုင်းသီဟကျော် ကပြောသည်။]

"ဘယ်လောက် ပေးမလဲဆိုတာက အစိုးရ ဆုံးဖြတ်ချက်ပေးမှာ” ဟု ဦးစိုင်းသီဟကျော်က ပြောသည်။ NLD ပါတီမှ လက်ရှိလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က လွှတ်တော်ကိုယ်စားများ အနေ ဖြင့် ဥပဒေပြု တာဝန်များ ကြီးများသည်မှာ မှန်သော်လည်း ၎င်းအနေနဲ့ တစ်လုံးတစ်ခဲ့ ချီးမြှင့်ငွေရယူမှ စိတ်လုံမှာ မဟုတ်ကြောင်း ပြောသည်။

အဆိုပါ ချီးမြှင့်ငွေကို ကိုယ်စားလှယ်တစ်ဦး၏ တစ်လစာငွေဖြင့် တွက်၍ ငါးနှစ်စာအတွက် ကိုယ်စား လှယ်တစ်ဦးလျင် ကျပ်သိန်း(၅၀)ခန့် ရရှိရန် ခန့်မှန်းထားကြောင်း ပြည်သူ့လွှတ်တော် ငွေစာရင် ကော်မတီမှ တာဝန်ရှိသူ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly