မန်စီးတီးနဲ့ သတင်းတွေ ထွက်နေတဲ့ ရော်နယ်လ်ဒို ဂျူဗင်နဲ့အတူ လေ့ကျင့်ခန်း မဆင်း

မန်စီးတီးနဲ့ သတင်းတွေ ထွက်နေတဲ့ ရော်နယ်လ်ဒို ဂျူဗင်နဲ့အတူ လေ့ကျင့်ခန်း မဆင်း
Photo: EPA

မန်ချက်စတာစီးတီးကို မကြာမီ ပြောင်းရွှေ့တော့မယ်ဆိုတဲ့ ကောလာဟလတွေ အရှိန်အဟုန် မြင့်တက်နေစဉ်မှာပဲ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သောကြာနေ့မှာ ဂျူဗင်တပ်စ်နဲ့အတူ လေ့ကျင့်မှာ မဟုတ်ဘူးလို့ စီးရီးအေ အသင်းကြီးက အေအက်ဖ်ပီကို အတည်ပြုခဲ့ပါတယ်။

သောကြာနေ့ရဲ့ လေ့ကျင့်ရေးအစီအစဉ် မစခင် ရော်နယ်လ်ဒိုဟာ ဂျူဗင်ရဲ့ Continassa လေ့ကျင့်ရေးစင်တာကနေ ထွက်ခွာခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ဘလွန်းဒီအော်ဆု ၅ ကြိမ်ရ ရော်နယ်လ်ဒိုဟာ ဒေသစံတော်ချိန် မနက်ပိုင်း ၁၀း၄၅ နာရီက မထွက်ခွာသွားခင် သူ့ရဲ့ အသင်းဖော်တွေကို နှုတ်ဆက်စကားပြောဖို့ အဲဒီမနက်ပိုင်းက ရရှိခဲ့တယ်လို့ Sky Sport Italia က ဖော်ပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ သူ့ရဲ့ ဂျုဗင်အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းဆင်းမှာလားလို့ အေအက်ဖ်ပီက မေးမြန်းရာမှာ ကလပ်အသင်းပြောရေးဆိုခွင့်ရှိသူက သူ လေ့ကျင့်မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

Gazzetta Dello Sport ရဲ့ အဆိုအရ စူပါစတား ရော်နယ်လ်ဒို ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးကို သွားဖို့ အပြောင်းအရွှေ့ဟာ လာမယ့် ၂၄ နာရီအတွင်း အပြီးသတ်နိုင်မယ်လို့ သိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly