ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက Covid- 19 အကြောင်းပြကာ လုံခြုံရေးတင်းကြပ်

ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက Covid- 19 အကြောင်းပြကာ လုံခြုံရေးတင်းကြပ်

ဩဂုတ် ၂၇

ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊မြောင်းမြ၊ကျုံပျော်နှင့် ဘိုကလေးမြို့များတွင် စစ်ကောင်စီက Covid- 19 အကြောင်းပြကာ လုံခြုံရေး တင်းကြပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြို့ခံများထံက သိရသည်။

ပုသိမ်၊ မြောင်းမြ၊ ကျုံပျော်နှင့် ဘိုကလေးမြို့များတွင် Covid- 19 ကူးစက်ခံရမှု သိသာစွာ မကျဆင်းသေးဟုအကြောင်းပြကာ ဩဂုတ်၂၇ရက်က စတင်၍ မြို့အဝင် စစ်ဆေးရေးဂိတ်များအား ပြန်လည်ဖွင့်လှစ်ထားသည်။ မြို့နယ်အတွင်းသို့ ဝင်ရောက်လိုပါက လာရောက်ရာ ဒေသများ၏ ထောက်ခံစာ မပါရှိပါက Covid- 19 စစ်ဆေးမှု ခံယူရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားသည်။

“Covid- 19 ကူးစက်မှု အရမ်းဆိုးနေတုန်းကတော့ ဒီအတိုင်း လွှတ်ပေးထားတာ၊ အခုချိန်ကျမှ ဘာလို့ စစ်တာတွေ လုပ်တာလဲဆိုတာက ရှင်းရှင်းလေးပဲ။ မြို့တွေကို PDFတွေ သင်တန်းဆင်းပြီး ပြန်လာနေပြီလို့ သတင်းတွေရနေတော့ တမင်ပိတ်ပြီးတော့ ဝင်လို့မရအောင် စစ်တာ၊ မြို့ပေါ်မှာလည်း နေ့တိုင်းလိုလို သူတို့ မသင်္ကာတဲ့ တည်းခိုခန်း၊ ရပ်ကွက်တွေကို ဝင်စစ်တယ်။ ရွာတွေဖက်ကို ဝင်ရှာတာတွေ လုပ်နေတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးကပြောသည်။

ဧရာဝတီတိုင်း အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်း၊တပ်ဖွဲ့များသည် တပ်ရွေ့ပြောင်းမှုများ လုပ်ဆောင်နေသည့်အတွက် တပ်ရင်းတပ်ခွဲများတွင် စစ် အင်အားနည်းပါးနေသည်ဟု တပ်ဖြင့်နီးစပ်သူများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly