လက်နက်ကြီးကျည်ဆန်ဖယ်ရှားစဉ် ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးသူရှိပြီး အများအပြားဒဏ်ရာရ 

လက်နက်ကြီးကျည်ဆန်ဖယ်ရှားစဉ် ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးသူရှိပြီး အများအပြားဒဏ်ရာရ 

ထန်တလန် ဩဂုတ် -၂၇ 

ချင်းပြည်နယ်၊ထန်တလန်မြို့နယ်တွင် ယနေ့(ဩဂုတ် ၂၇ရက်)နေ့လည်ပိုင်းက မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆန်ဖယ်ရှားရာ ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦးသေဆုံးကာ  ခုနှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။ 

သြဂုတ် ၂၅ရက် ညနေပိုင်းတွက်ဘ စစ်ကောင်စီတပ်များက မြို့တွင်းသို့လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့်  နေအိမ်များ ပျက်စီးခဲ့သည်။ 

အဆိုပါအိမ်များ ပြန်လည်ပြင်ဆင်ရာတွင် တွေ့ရှိရသည့် မပေါက်ကွဲသေးသည့် လက်နက်ကြီး ကျည်ဆန်ကို ဖယ်ရှားစဉ်  ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ 

''လူတွေတော်တော်များများ ပြင်းထန်တဲ့ ဒဏ်ရာရတယ်။ စိုးရိမ်စရာတော့ ကောင်းမယ်။လောလောဆယ် တစ်ယောက်တော့ သေသွားတာပေါ့။ သူတို့တွေက ဟိုတစ်ရက်က စစ်တပ်က ပစ်လို့အိမ်တွေ ပျက်စီးသွားတယ်လေ ။ ဒီနေ့ကျတာ့ သူတို့က အိမ်ပြန်ဆောက်ဖို့ အပျက်အစီးတွေ ဖယ်ရှားတဲ့အချိန်မှာ ဒီလက်နက်ကြီးကျည်ဆန်ကိုတွေ့တာ အဲဒါကို အပြင်ကိုယူပြီးထုတ်လာတဲ့ အချိန်မှာ ထပေါက်ကွဲတာပဲ''ဟု ဖြစ်စဉ်အနီးနားရှိသူတစ်ဦးကပြောသည်။ 

အဆိုပါလက်နက်ကြီး ကျည်ဆန်ပေါက်ကွဲသံကြောင့် စစ်ကောင်စီတပ်များက ယခုအခါ မြို့တွင်းသို့ထပ်မံ၍  သေနတ်ပစ်ဖောက်နေကြသည်ဟု၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly