ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ မန်ချက်စတာစီးတီး-ပီအက်စ်ဂျီ၊ ချယ်လ်ဆီး-ဂျူဗင်တပ်စ်တို့ ထိပ်တိုက်ဆုံတွေ့

ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ မန်ချက်စတာစီးတီး-ပီအက်စ်ဂျီ၊ ချယ်လ်ဆီး-ဂျူဗင်တပ်စ်တို့ ထိပ်တိုက်ဆုံတွေ့
Photo: AFP

၂၀၂၁၀၂၂ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် မဲခွဲပွဲကျင်းပခဲ့ရာမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးဟာ  ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်၊ ကလပ်ဘရုဂေးတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

လက်ရှိချန်ပီယံ ချယ်လ်ဆီးက စီးရီးအေဘီလူးကြီး ဂျူဗင်တပ်စ်၊ ရုရှားကလပ် ဇင်းနစ်၊ ဆွီဒင်ကလပ် မာလ်မိုတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အရှုံးပေးခဲ့ရတဲ့ ဗီလာရီးယဲလ်၊ အီတလီကလပ် အတ္တလန်တာ၊ ဆွီဒင်ကလပ် ယန်းဘွိုင်းစ်တို့နဲ့ တွေ့ဆုံနေပါတယ်။

လီဗာပူးအသင်းက အက်သလက်တီကို၊ ပေါ်တို၊ အေစီမီလန်တို့နဲ့အတူ အုပ်စုကြပ်ထဲကျနေပါတယ်။

၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်အုပ်စုများ

အုပ်စု (A) မန်စီးတီး၊ ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်၊ ကလပ်ဘရုဂေး
အုပ်စု (B) အက်သလက်တီကို၊ လီဗာပူးလ်၊ ပေါ်တို၊ အေစီမီလန်
အုပ်စု (C) စပို့တင်းလစ္စဘွန်၊ ဒေါ့မွန်၊ အေဂျက်စ်၊ ဘက်ဆစ်တက်
အုပ်စု (D) အင်တာမီလန်၊ ရီးယဲလ်၊ ရှက်တာဒိုးနက်၊ ရှာရစ်ဖ်
အုပ်စု (E) ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ဘင်ဗီကာ၊ ဒိုင်နမိုကိဗ်
အုပ်စု (F) ဗီလာရီးယဲလ်၊ မန်ယူ၊ အတ္တလန်တာ၊ ယန်းဘွိုင်းစ်
အုပ်စု (G) လိုင်လီ၊ ဆီဗီလာ၊ ဆာလ်ဇ်ဘာ့ဂ်၊ ဝုလ်ဖ်ဘတ်
အုပ်စု (H) ချယ်လ်ဆီး၊ ဂျူဗင်တပ်စ်၊ ဇင်းနစ်၊ မာလ်မို

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly