မန်ချက်စတာစီးတီးရဲ့ မန်ဒီကို မုဒိမ်းမှု လေးမှုနဲ့ တရားစွဲဆို

မန်ချက်စတာစီးတီးရဲ့ မန်ဒီကို မုဒိမ်းမှု လေးမှုနဲ့ တရားစွဲဆို
Photo: EPA

ဘင်ဂျာမင် မန်ဒီကို မုဒိမ်းမှု လေးမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တစ်မှုတို့နဲ့ စွဲချက်တင်လိုက်တယ်လို့ Cheshire ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီးနောက် မန်ချက်စတာစီးတီးက ပြင်သစ်သားကို လူစာရင်းကနေ ကြာသပတေးနေ့က ထုတ်ပယ်ခဲ့ပါတယ်။

"အသက် ၂၇ နှစ် ဘင်ဂျာမင် မန်ဒီကို မုဒိမ်းမှု လေးမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တစ်မှုတို့နဲ့ စွဲချက်တင်လိုက်တယ်"လို့ Cheshire ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာချက်မှာ ပြောပါတယ်။

"စွဲချက်ချက်တွေဟာ အသက် ၁၆ နှစ်အထက် တိုင်ကြားသူ သုံးဦးနဲ့ ဆက်နွှဲပြီး ၂၀၂၁ သြဂုတ်နဲ့ ၂၀၂၀ အောက်တိုဘာကြားမှာ ဖြစ်ပွားခဲ့တယ်လို့ စွပ်စွဲခံရတာဖြစ်ပါတယ်။"

မန်ဒီကို စုံစမ်းစစ်ဆေးမှုကြောင့် လူစာရင်းကနေ ဆိုင်းငံ့ထားတယ်လို့ စီးတီးက ပြောပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ တစိတ်တပိုင်းပါဝင်ခဲ့တဲ့ မန်ဒီကို သောကြာနေ့မှာ Chester Magistrates ရဲ့ တရားရုံးမထုတ်ခင် ထိန်းသိမ်းထားပါတယ်။

ဘယ်နောက်ခံလူ မန်ဒီဟာ ၂၀၁၇ က မိုနာကိုအသင်းကနေ မန်စီးတီးကို ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly