ဒလန် ၄ ဦးကို PDF(ဖျာပုံ) သတိပေး

ဒလန် ၄ ဦးကို PDF(ဖျာပုံ) သတိပေး

ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၊ဒလန်နာမည်ထွက်‌နေသူဘလေးဦးကို ဖျာပုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နှစ်လက်နဲ့ စာတစ်စောင်ရေးသားပြီး သြဂုတ်လ ၂၆ ရက်နေ့ ညပိုင်းအချိန်တွင် Facebook စာမျက်နှာမှတဆင့် သတိပေးလိုက်သည်။

"နောက်မီးရွာက သန်းထွဋ် ၊မြဝင်း၊အေးသောင်း၊ ကြင်ဝမ်း အစရှိတဲ့ ဒလန်အကြီးစားစစ်ဘောမတွေနဲ့နောက်လိုက်ခွေး အပေါင်းအပါ စစ်ဘောမတစ်သိုက်တို့ ခင်ဗျားတို့ရဲ့ ရွံစရာကောင်းတဲ့ လုပ်ရပ်တွေ ကို ရပ်တန်းက ရပ်ပါ၊ မလိုက်နာခဲ့ရင် ခင်ဗျားတို့ အသက်နဲ့ ဘဝတွေ အတွက် လုံးဝ(လုံးဝ) တာဝန်ယူမည် မဟုတ်ပါကြောင်း ဤစာနှင့် သတိပေးလိုက်ပါသည်"ဟုရေးသားထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့က ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်၊ပတ္တမြားကုန်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးဝင်းကို ကိုလည်း ကျည်ဆံတစ်တောင့်စာတစ်စောင်နဲ့ ဘိုကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly