တန့်ဆည်မြို့နယ်၊ ကာပေါင်းကျ ကျေးရွာတွင် စစ်ကောင်စီတပ်များ ၀င်ရောက်မီးရှို့ဖျက်ဆီး

တန့်ဆည်မြို့နယ်၊ ကာပေါင်းကျ ကျေးရွာတွင် စစ်ကောင်စီတပ်များ ၀င်ရောက်မီးရှို့ဖျက်ဆီး

ဩဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာတွင် ယနေ့ ( ဩဂုတ် ၂၆ရက်) ညပိုင်းက စစ်ကောင်စီတပ်များ ရွာအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီး သောင်းကျန်း‌နေကြောင်း ဒေသခံတစ်ဦးက မဇ္စျိမကို သတင်းပို့လာသည်။

“ဒလန်ကခေါ်လို့ စစ်တပ်က အဲဒီရွာကို တပ်လာစွဲတာ၊ အခုလည်း မိုးတွေရွာနေတဲ့ ကြားထဲက ကာပေါင်းကျ ရွာကို မီးရှို့ဖျက်ဆီးနေတယ်။ လက်နက်ကြီးတွေနဲ့လည်း အနီးအနားက ရွာတွေကို ပစ်နေတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များ ကားပေါင်းကျရွာကို စီးနင်းသည်မှာ ယခုအကြိမ်သည် ခုနှစ်ကြိမ်မြောက်ဖြစ်ပြီး ယခင် စီးနင်းဝင်ရောက်ချိန်များက ရွာရှိနေအိမ်များကို ဖျက်ဆီးပြီး အစားအသောက်၊ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly