ပူတာအို‌တွင် စစ်ကောင်စီတပ်နှင့် KIAတပ်တို့ တိုက်ပွဲပြန်ဖြစ်

ပူတာအို‌တွင် စစ်ကောင်စီတပ်နှင့် KIAတပ်တို့ တိုက်ပွဲပြန်ဖြစ်

ဩဂုတ် ၂၆

ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် ယနေ့ညနေ ၃ နာရီခန့်ကစ၍ အာဏာသိမ်းစစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော်( KIA )တို့အကြား တိုက်ပွဲများပြန်ဖြစ်‌နေသည်ဟု ဒေသခံများက သတင်း‌ပေးပို့လာသည်။

အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးရယူထားသည့် ပူတာအို - မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ လုံရှာယန်ကျေးရွာဘက်တွင် တိုက်ပွဲများ ပြန်ဖြစ်‌ေနခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်နေသည့် ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် တန်ဂျာကျေးရွာမှ ဒေသခံများအနေဖြင့် လက်ရှိအချိန်တွင် လုံရှာယန်ကျေးရွာသို့ ပြောင်းရွေ့နေကြကြောင်း ဒေသခံများကဆိုသည်။

သြဂုတ် ၂၂ ရက်​တွင် ပူတာအိုဒေသဘက်သို့ သွားရောက်ခဲ့သည့် အာဏာသိမ်းစစ်ကောင်စီ၏ လက်ဝေခံ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၏ ပူတာအိုခရီးစဥ်အပြီးတွင် ယခုကဲ့သို့ တိုက်ပွဲများ ပြန်ဖြစ်‌နေခြင်း ဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဥ်မတိုင်ခင် ကတည်းကပင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်လက်နက်ရိက္ခာထောက်ပို့ရေးတပ်၊ အမြောက်အထိုင်တပ်များကို ပူတာအိုနယ်မြေခံတပ်ရင်းတွင် အင်အားဖြည့်တင်းထား‌ကြောင်း စုံစမ်းသိရှိရသည်။

ဝန်ကြီးချုပ် ခရီးစဥ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်မှ အဆင့်မြင့်အရာရှိများလည်း လိုက်ပါသွားကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်က‌ပြောသည်။

လက်ရှိတွင် ပူတာအို​​မြို့၌ လုံခြုံ​ရေးတင်းကြပ်ထား​ကြောင်း ဒေသခံများက ဖုန်းဖြင့် ဆက်သွယ်ကာ မဇ္ဈိမသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required