အုပ်ချုပ်ရေးမှူးနှင့် စကားများသည့် ကိုယ်၀န်‌ဆောင်အမျိုးသမီး အဖမ်းခံရ

အုပ်ချုပ်ရေးမှူးနှင့် စကားများသည့် ကိုယ်၀န်‌ဆောင်အမျိုးသမီး အဖမ်းခံရ

ဩဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ အမှတ်( ၃ ) ရပ်ကွက်တွင် နေထိုင်သူ ကိုယ်ဝန် (၈)လ လွယ်ထားရသည့် မမျိုးမြင့်ဝင်းအား ယနေ့( ဩဂုတ် ၂၆ ရက်) ညနေ ၅ နာရီ ၅၃မိနစ်တွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အုပ်ချုပ်ရေးမှူးရုံးတွင် ဧည့်စာရင်းတိုင်ရာက အုပ်ချုပ်ရေးမှူးနှင့် အငြင်းပွားပြောဆိုမှုများ ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ၎င်းအားလာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။

"ဖမ်းဆီးခံရတဲ့ အမျိုးသမီးမှာ ကိုယ်ဝန် ရှစ်လ ရှိပါတယ်။ မမျိုးမြင့်ဝင်းက အုပ်ချုပ်ရေးမှူးရုံးမှာ ဧည့်စာရင်းတိုင်းရင်း အုပ်ချုပ်ရေးမှူးနဲ့ စကားများပါတယ်။ စကားများတုန်းက ငါက အမေ့သမီးလို့ပြောလိုက်တယ်။ အဲဒါကြောင့် လာဖမ်းတာ" လို့ အမည်မဖော်လိုသူ သူ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

မမျိုးမြင့်ဝင်းကို စစ်ကောင်စီတပ်သားများနှင့် အုပ်ချုပ်ရေးမှူး စုစုပေါင်း ရှစ်ဦးက လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly