KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းတချို့ကို COVID-19 ကန့်သတ်ချက် ဖြေလျှော့ပေး

KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းတချို့ကို COVID-19 ကန့်သတ်ချက် ဖြေလျှော့ပေး

ဩဂုတ် ၂၆

လိုင်ဇာမြို့အပါအဝင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်စခန်းအချို့တွင် အသွားအလာကန့်သတ်မှုများ ပြန်လည် ဖြေလျော့ပေးလိုက်ပြီဖြစ်ကြောင်း KIO ဗဟို COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ထုတ်ပြန်လိုက်သည်။

လိုင်ဇာမြို့တွင်း ဂျဲယန်စစ်ရှောင်စခန်း၊ ဖွန်လွန်ယန် စစ်ရှောင်စခန်းနှင့် ဒွမ်ဘုန်းစစ်ရှောင်စခန်းများကို ကန့်သတ်ချက်များ ဖြေလျော့ပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါနေရာများမှ ပြည်သူများကို COVID 19 ကပ်ရောဂါရှိမရှိ စစ်ဆေးမှု သုံးကြိမ်ပြုလုပ်ခဲ့ပြီးနောက် COVID- 19 ရာဂါ ကူးစက်ခံရသူ လူနာအသစ်များကို ထပ်မံမတွေ့ရှိသည့် အတွက် ယခုကဲ့သို့ ကန့်သတ်ချက်များကို ဖြေလျှော့လိုက်ခြင်းဖြစ်ကြောင်း KIOသတင်းပြန် ကြားရေး အဖွဲ့ဝင်များက အတည်ပြုပေးခဲ့သည်။

KIO/KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် COVID 19 ရောဂါကူးစက်ခံရသူများ ပြန်လည် တွေ့ရှိခဲ့သည့်အတွက် ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်က စတင်ကာ အသွားအလာ ကန့်သတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly