အရှေ့တောင်အာရှက တရုတ်၏ ဈေးကွက် ကွန်ရက် လက်ဝါးကြီးအုပ်မှု ချိုးဖျက်မည်

By The Singapore Post
26 August 2021
အရှေ့တောင်အာရှက တရုတ်၏ ဈေးကွက် ကွန်ရက် လက်ဝါးကြီးအုပ်မှု ချိုးဖျက်မည်

တောင်ပိုင်း အာရှနိုင်ငံများသည် သူတို့၏ ကွန်ရက်များအတွက် တရုတ်ကို မှီခိုအားထားနေရပြီး ယခုအခါ တရုတ်၏ လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်ရန် ယင်းတို့၏ 4G နှင့် 5G ကွန်ရက်များကို တိုးတက်အောင်လုပ်ဆောင်နေကြ သည်။

တရုတ်နှင့် ဟောင်ကောင်မှ ထွက်ခွာလာသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်စဉ် အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးစစ်ပွဲသည် ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်တို့အား ယင်းတို့၏ ရည်မှန်းချက်များကိုချဲ့ထွင်ရန်နှင့် ယင်းတို့၏ စက်မှုလုပ်ငန်းများကို ခေတ်မီစေရန်လှုံ့ဆော်ပေးခဲ့သည်ဟု DigiTimes Research က ဆိုသည်။

ယင်းနိုင်ငံများရှိ 4G ကွန်ရက်များ၏ အရည်အသွေးသည်အဆင့်မြှင့်တင်ရန်လိုအပ်နေသေးသော်လည်း ယင်းတို့က 5G ကို အကန့်အသတ်ဖြင့် အကောင်အထည်ဖော်နေပြီဖြစ်သည်။

ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့က ယေဘုယျအားဖြင့် တရုတ်နှင့် နီးစပ်သည့် နည်းပညာမူဝါဒများကို ချမှတ်လေ့ရှိသောကြောင့် Huawei Technologies သည် အခြားနိုင်ငံများတွင် တွေ့ကြုံခဲ့ရသော အတားအဆီးများကို ယင်းနိုင်ငံများတွင် ရင်မဆိုင်ခဲ့ရကြောင်း DigiTimesက ဆိုသည်။

In contrast, Vietnam excluded the Chinese company, while the body in charge of Malaysia’s 5G procurement decisions selected Ericsson.

ဆန့်ကျင်ဘက်အနေဖြင့် ဗီယက်နမ်သည် တရုတ်ကုမ္ပဏီကို ဖယ်ထုတ်ခဲ့သလို မလေးရှား၏ 5G အသုံးပြုမှုဆိုင်ရာ ဆုံးဖြတ်သည့်အဖွဲ့အစည်းကလည်း Ericsson ကို ရွေးချယ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly