အာဖဂန်တွင် အမေရိကန်၏ လေကြောင်းကယ်ဆယ်ရေးလုပ်ငန်းများကို ခြိမ်းခြောက်များရှိနေ

အာဖဂန်တွင် အမေရိကန်၏ လေကြောင်းကယ်ဆယ်ရေးလုပ်ငန်းများကို ခြိမ်းခြောက်များရှိနေ

အာဖဂန်နစ္စတန်မှ အမေရိကန်၏ လေကြောင်းကယ်ဆယ်ရေးလုပ်ငန်းများကို ြိမ်းခြောက်များ သိသာစွာရှိနေကြောင်း သြဂုတ်လ ၂၃ရက်တွင် ပြောကြားခဲ့သော်လည်း အမေရိကန်စစ်တပ်က အဆိုပါ ခြိမ်းခြောက်မှုများ လျော့ပါးအောင်လုပ်ဆောင်နေသည်။

" သိသိသသာ ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။ အသေးစိတ်မပြောတော့ပါဘူး။ လေယာဉ်နဲ့ ကယ်ဆယ်ရေးလုပ်တဲ့အခါဖြစ်နိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ခြိမ်းခြောက်တဲ့ သတင်းပေးပို့ချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ဗဟိုတပ်ပေါင်းစု(CENTCOM) ရယ်၊ အခြားအေဂျင်စီတွေနဲ့ ကျွန်တော်တို့ အနီးကပ်ညှိနှိုင်းဆောင်ရွက်နေပါတယ် " ဟု အမေရိကန်သယ်ယူပို့ဆောင်ရေးကွပ်ကဲမှုဌာနချုပ်အကြီးအကဲ

ဗိုလ်ချုပ်ကြီး စတီဖင်ရာလိုင်းက သြဂုတ်လ ၂၃ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ မြင်တာကတော့ ကျွန်တော်တို့ရဲ့ အမှုထမ်းတွေက ကမ္ဘာပေါ်မှာအတော်ဆုံးပါပဲ။ ဒီစက်က C-17 က ကမ္ဘာပေါ်မှာအကောင်းဆုံးပါ၊ ဒီခြိမ်းခြောက်မှုတွေ လျှော့ချဖို့ မှန်ကန်တဲ့ အစီအမံတွေ လုပ်နေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။"

သြဂုတ်လ ၂၃ရက် အစောပိုင်း ပြုလုပ်သည့် သီးခြားသတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် အမျိုးသားလုံခြုံရေးအကြံပေး (NSA) ဂျိတ်ဆူလီဗင်က အမေရိကန်က တာလီဘန်များနှင့် နေ့စဉ်တွေ့ဆုံဆွေးနွေးနေပြီး ကဘူးလ်လေဆိပ် အခြေအနေများ အပါအဝင် ကဏ္ဍပေါင်းစုံအတွက် တာလီဘန်များနှင့် ဆွေးနွေးနေကြောင်း ပြောကြားခဲ့သည်။

တာလီဘန်များနှင့် ဆွေးနွေးနေသော်လည်း အမျိုးသားလုံခြုံရေးအကြံပေး (NSA) ဂျိတ်ဆူလီဗင်က ကဘူးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အမေရိကန်တပ်ဖွဲ့များသည် အစ္စလာမ္မစ်နိုင်ငံတော် အကြမ်းဖက်အဖွဲ့၏ ပြင်းထန်သောခြိမ်းခြောက်မှုကို ဆက်လက်ရင်ဆိုင်နေရကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

သြဂုတ် ၁၄ မှစ၍ အမေရိကန်သည် လူဦးရေ ၃၇၀ဝဝ ခန့်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်းနှင့် ရွှေ့ပြောင်းရန်စီစဉ်ပေးခဲ့သည်။ ဇူလိုင်လကုန်မှစ၍ လူဦးရေ ၄၂၀ဝဝ ခန့်ကို နေရာရွေ့ပြောင်းပေးခဲ့သည်။

တာလီဘန်များက သြဂုတ် ၁၅ ရက်တွင် ကဘူးလ်မြို့ကိုသိမ်းပိုက်လိုက်ခြင်းကြောင့် လူအများအထိတ်တ လန့်ဖြစ်ခဲ့ရသည်။

လူများက တိုင်းပြည်မှ ထွက်ပြေးရန် လေဆိပ်သို့ အပြေးအလွှားသွားရောက်ကြသဖြင့် ကဘူးမြို့တွင် လွန်ခဲ့သော သီတင်းပတ်များအတွင်း မငြိမ်မသက်ဖြစ်သည့် မြင်ကွင်းများကို တွေ့မြင်ခဲ့ရသည်။ နိုင်ငံအတော်များများက ၎င်း တို့၏ နိုင်ငံသားများနှင့် သံတမန်ရေးဝန်ထမ်းများကို အာဖဂန်နိုင်ငံမှ ကယ်ထုတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required