၂၀၂၃ မှာ စာချုပ်သက်တမ်းပြည့်ရင် မန်စီးတီးကနေ ထွက်ခွာလိမ့်မယ်လို့ ဂွာဒီယိုလာ ပြော

၂၀၂၃ မှာ စာချုပ်သက်တမ်းပြည့်ရင် မန်စီးတီးကနေ ထွက်ခွာလိမ့်မယ်လို့ ဂွာဒီယိုလာ ပြော
Photo: EPA

ပက် ဂွာဒီယိုလာက ၎င်းရဲ့ လက်ရှိစာချုပ် ၂၀၂၃ မှာ သက်တမ်းကုန်ဆုံးရင် မန်ချက်စတာစီးတီးကနေ ထွက်ခွာမယ်လို့ ပြောပြီး နိုင်ငံလက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ မျှော်လင့်နေပါတယ်။

၂၀၁၆ ခုနှစ်မှာ စီးတီးသို့ ရောက်ရှိခဲ့တဲ့ အသက် ၅၀ အရွယ် နည်းပြကြီးဟာ ပရီးမီးယားလိဂ်ကလပ်အသင်းကို ခုနှစ်ကြာကိုင်တွယ်ပြီးနောက် "အနားယူ"ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

"ကျနော် ရပ်ဖို့ လိုနေပြီလို့ ထင်တယ်။ ကျနော် ခဏလောက် နားဦးမှာပါ။ ကျနော်တို့ ဘာလုပ်ပြီးပြီးဆိုတာကို ပြန်ကြည့်ရအောင်ပါ။"လို့ ဂွာဒီယာလိုက ပြောပါတယ်။

"ဖြစ်နိုင်တဲ့ အနေအထားရှိရင် နောက်ထပ်ခြေလှမ်းက နိုင်ငံလက်ရွေးစင်အသင်းဖြစ်မှာပါ။"

ဘရာဇီးငွေကြေးဝန်ဆောင်မှုကုမ္ပဏီ XP Investimentos က စီစဉ်တဲ့ အွန်းလိုင်းအခမ်းအနားပွဲမှာ ပြောကြားခဲ့တာကို ESPN Brasil က ကိုးကားဖော်ပြရာမှာ "ကိုပါအမေရိကနဲ့ ယူရိုပြိုင်ပွဲဝင်အသင်းတွေကို လေ့ကျင့်ပေးရတဲ့ သူမျိုးဖြစ်ချင်တယ်။ အဲဒီအတွေ့အကြုံမျိုးရချင်ပါတယ်။"လို့ သူက ထွည့်သွင်းပြောခဲ့တာပါ။

တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းက အသင်းမှာ ဆက်လက်ရှိနေမယ်လို့ အတည်ပြုပြီးနောက် အင်္ဂလန်အသင်းခေါင်းဆောင်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးဆုံးရှုံးတဲ့ တစ်ရက်ထဲမှာပဲ ဒီသတင်းဟာ စီးတီးအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာပါလိမ့်မယ်။

မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၄ ကြိမ်ဆက် ဆွတ်ခူးခဲ့တဲ့ ဂွာဒီယိုလာဟာ ဘိုင်ယန်မြူးနစ်သို့ မပြောင်းရွှေ့ခင် ၂၀၁၂ ခုနှစ်မှာ ဘာစီလိုနာကနေ ထွက်ခွာပြီးနောက် ၁၂ လကြာ အနားယူခဲ့သူဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly