မြန်မာပလာဇာရှိ ကမ္ဘောဇဘဏ် ငွေထုတ်စက်တွင်ခိုက်ရန်ဖြစ်ပွား

မြန်မာပလာဇာရှိ ကမ္ဘောဇဘဏ် ငွေထုတ်စက်တွင်ခိုက်ရန်ဖြစ်ပွား

ဩဂုတ်လ ၂၆ ရက်

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် မြန်မာပလာဇာရှိ ကမ္ဘောဇဘဏ်၏ ငွေထုတ်ယူစက်(ATM)တွင် ငွေထုတ်ရန် တန်းစီရင်း ခိုက်ရန်ဖြစ်ပွားမှု ယနေ့(ဩဂုတ် ၂၆ ရက်) တွင်ဖြစ်ပွားခဲ့သည်။

“မနက် ၄ နာရီခွဲအချိန်လောက် မြန်မာပလာဇာရောက်ပါတယ်။ ပွဲစားတွေနဲ့ လူတချို့ပဲရှိပါတယ်။

တုံကင်စာရွက်မှာနံပတ် ၈၀ကျော်နေပေမယ့် တကယ်တမ်း တန်းစီတဲ့သူမရှိတာရယ် ATM ထုတ်ဖို့လာတဲ့သူတွေတိုးလာတာရယ် ပွဲစားတွေနေရာယူထားတာများတာရယ်ကြောင့် နောက်ဆုံး သည်းမခံနိုင်တဲ့အဆုံးထဖြစ်တာပါ” ဟု ဖြစ်စဉ်ကို မြင်တွေ့သူက မဇ္ဈိမကိုပြောသည်။

ခိုက်ရန်ဖြစ်ပွားသည့် ရုပ်သံဖိုင်များတွင် နှစ်ဘက်ဆဲဆိုကာ ရန်တွေ့နေပြီး အချို့က ဖျန်ဖြေနေကြသည်ကို တွေ့ရသည်။

“ကျနော်တို့ User တွေ အချင်းချင်းပဲ ပြန်လိုက်ဆွဲရင်း သူတို့တွေလည်း CB ATMဖက်ကို သွားပါတယ်။

အဲနောက်မှာတော့ KBZ ကနေ ငွေလာမထည့်ပေးတော့ဘူးလို့ ကြေညာလိုက်တော့ ကျနော်တို့လည်း အိမ်ပြန်လာတာပါ” ဟု ၎င်းကဆိုသည်။

ဩဂုတ် ၂၄ ရက် နေ့လယ်ခင်း ၁ နာရီခန့်ကလည်း ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်သာယာဈေးဝယ်စင်တာရှိ AYA ဘဏ်၏ ATM(ငွေထုတ်စက်)တွင် ခိုက်ရန်ဖြစ်မှု ဖြစ်ပွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required