ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လေ့လာခဲ့ပြီးနောက် ပြန်ရောက်ရှိ

ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လေ့လာခဲ့ပြီးနောက် ပြန်ရောက်ရှိ

ဒီဇင်ဘာ ၁၄ ရက် ။          ။ ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား တစ်ပတ်ကြာ သွားရောက်လေ့လာခဲ့သည့် အပစ်ခတ်ရပ်ရေး ပူးတွဲစောင့်ကြည့်ကော်မတီအဖွဲ့ဝင်များ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိနေကြပြီဖြစ်သည်။

ဒီဇင်ဘာ ၂ ရက်နေ့က ထွက်ခွာသွားကြခြင်းဖြစ်ပြီး ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ၊ Disarmament, Demobilization and Reintegration- DDR နှင့် Security Sector Reform- SSR လုပ်ငန်းစဉ်များကို ကိုလံဘီယာနိုင်ငံ၌ လေ့လာဆွေးနွေးခဲ့ကြသည်ဟု မြဝတီသတင်းတပုဒ်က ဒီဇင်ဘာ ၁၄ တွင် ဖော်ပြသည်။

'မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး' တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေရန် ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်များအား သွားရောက်လေ့လာခဲ့ပြီးနောက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး (ငြိမ်း) တို့ ဒီဇင်ဘာ ၁၃ တွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ကြ သည်။

NCA ပါဝင်လက်မှတ်ရေးထိုးပြီးဖြစ်သည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသော KNU, KNLA (PC), DKBA တို့မှ စောထူးထူးလေး၊ စောအိုင်းဇက်ဖိုး၊ စောမိုရှေး၊ နော်ကပေါ်ထူးနှင့် အဖွဲ့ဝင်များ၊ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) မှ တာဝန်ရှိသူများလည်း အတူပြန်လည်ရောက်လာကြသည်ဟု မြဝတီသတင်းကဖော်ပြသည်။

ကိုလံဘီယာသမ္မတ Juan Manuel Santos Calderon ၊ အစိုးရဝန်ကြီးများ၊ ကိုလံဘီယာတပ်မတော် ဒုတိယစစ်ဦးစီးချုပ် General Florez Aristizabal၊ ငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Fabrizio Hochschild ၊ ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးလေ့လာခွင့်ရခဲ့ကြောင်း သိရသည်။

Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly