အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်လွှင့်တဲ့ Radio NUG ကို ပြန်လည် နားဆင်နိုင်ပြီ

အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်လွှင့်တဲ့ Radio NUG ကို ပြန်လည် နားဆင်နိုင်ပြီ

ဩဂုတ် ၂၆

အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်လွှင့်သည့် Radio NUG ကို အိမ်သုံး ရေဒီယိုများဖြင့် လေလှိုင်းတစ်ဆင့် ပြန်လည်ဖမ်းယူနားဆင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ ၂၆ရက် မနက် ၈နာရီ နှင့် ည ၈နာရီအချိန်တွေမှာ လှိုင်းတိုမီတာ ၁၆၊ မက်ဂါဟတ်ဇ် ၁၇.၇၁ မှတစ်ဆင့် Radio NUG ရဲ့ အစီအစဉ်တွေကို မနစ် ၃၀ ကြာ တိုက်ရိုက်ဖမ်းယူနားဆင်နိုင်မည် ဖြစ်သည်။

Radio NUG ကို ဩဂုတ်လ ၂၀ရက်မှ စတင်စမ်းသပ်ထုတ်လွှင့်ခဲ့ပေမယ့် ၂၁ရက်နေ့မှာတော့ လေလှိုင်းထုတ်လွှင့်မှုကို ခေတ္တ ရပ်နားခဲ့ပြီး ယနေ့တွင် ပြန်လည် ဖမ်းယူနားဆင်နိုင်ကြောင်း ထုတ်ပြန်ကြေညာသည်။

အစီအစဉ်များအနေဖြင့် သတင်းများ၊ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ တင်ပြချက်နှင့်ခွန်အားမျှပေးစာကဏ္ဍ၊ နွေဦးအနုပညာ တင်ဆက်မှု၊ CDM တို့ရဲ့ အသံများကဏ္ဍ၊ PDF ဂုဏ်ပြု တေးသီချင်း တင်ဆက်မှု စသည်များကို ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

NUG အစိုးရက ရေဒီယိုတွေ ဆောင်ထားဖို့ တိုက်တွန်းပြီးတဲ့နောက်မှာ စျေးကွက်အတွင်းရေဒီယိုတွေ ဝယ်မရတော့တဲ့အထိ ရောင်းကောင်းခဲ့ကာ Radio NUG ကို တရားမဝင်ကြောင်း စစ်ကောင်စီက ကြေငြာခဲ့ပြီး ကူညီသူတွေကိုလည်း အရေးယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly