တောင်တရုတ်ပင်လယ် တင်းမာမှုကြောင့် ကမ္ဘာ့စီးပွားရေးတွင် ကြီးမားသည့် သက်ရောက်မှုများရှိနိုင်ကြောင်း ကျွမ်းကျင်သူ ပြောကြား

တောင်တရုတ်ပင်လယ် တင်းမာမှုကြောင့် ကမ္ဘာ့စီးပွားရေးတွင် ကြီးမားသည့် သက်ရောက်မှုများရှိနိုင်ကြောင်း ကျွမ်းကျင်သူ ပြောကြား

တရုတ်အစိုးရက ယင်းတို့ပိုင်ဆိုင်သည်ဟု ဆိုထားသော အငြင်းပွားရေပိုင်နက်ကို တိုက်ခိုက်ခြင်းမှ ကာကွယ် ရန် တောင်တရုတ်ပင်လယ်တွင် ကာကွယ်ရေးအစီအမံများကို စတင် တည်ဆောက် နေပြီဖြစ်သည်။

Chatham House ၏ အာရှပစိဖိတ်အစီအစဉ်၏ တွဲဘက်သုတေသီ ဘီလ်ဟေတန်က အဆိုပါ ရေနက်ပိုက်အတွင်း တင်းမာမှုမြင့်တက်လာခြင်းက စီးပွားရေးကို များစွာထိခိုက်နိုင်ကြောင်း ဆိုသည်။

"တရုတ်က ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သလို ဂျပန်ကလဲ တတိယအင်အားကြီးနိုင်ငံ ဖြစ်တာကြောင့် တင်းမာမှုကြောင့် ကမ္ဘာတစ်ဝှမ်းအကျိုးဆက်ခံစားရပါမယ်” ဟု Express.co.uk သို့ ဟေတန်က ပြောကြားခဲ့သည်။

" တောင်ကိုရီးယားနဲ့ ထိုင်ဝမ်ရယ်၊ အရှေ့တောင်အာရှနိုင်ငံတွေရှိပါသေးတယ်" ဟု ဟေတန်က ပြောကြားခဲ့သည်။

“ တောင်တရုတ်ပင်လယ်ကိုဖြတ်သန်းကုန်သွယ်မှုတွေက ပမာဏအများကြီးပါ။ ခန့်မှန်းချက်တွေအရ တစ်နှစ်ကို ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံလောက်ရှိတယ် ပြောကြပါတယ်” ဟု ဟေတန်ကဆိုသည်။

တရုတ်သည် လွန်ခဲ့သော သီတင်းပတ်များအတွင်း နိုင်ငံများစွာနှင့် ပိုင်နက်နယ်မြေ အငြင်းပွားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly