အိန္ဒိယက တိုက်လေယာဉ်များနှင့် တင့်ကားဖျက်ဒုံးများကို ရုရှားတွင် ပြသ

အိန္ဒိယက တိုက်လေယာဉ်များနှင့် တင့်ကားဖျက်ဒုံးများကို ရုရှားတွင် ပြသ

ရုရှားနိုင်ငံ မော်စကိုဒေသတွင် ကျင်းပသည့် နို်ငငံတကာ စစ်ဘက်-နည်းပညာဖိုရမ် (International Military-Technical Forum "ARMY-2021") တွင် အိန္ဒိယက ၎င်း၏ ပြည်တွင်းထုတ် LCA Tejas တိုက်လေယာဉ်နှင့် တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည် Arjun Main Battle Tank (MK1A) တို့ကို ရောင်းချရန် ပြသခဲ့သည်။

ပြသခဲ့သည့် စစ်လက်နက်ပစ္စည်းများတွင် လေကြောင်းရန် သတိပေးစနစ် (AEW&C)၊ အကွာအဝေး ၄၈ ကီလိုမီတာအထိ ရောက်ရှိနိုင်သည့် အမြှောက်၊ အာကက်ရှ် ဒုံးကျည်၊ JVPC ကာဘိုင်နှင့် ပစ်ခတ်မှု ထိန်းချုပ်ရေးရေဒါစနစ်များလည်း ပါဝင်ကြောင်း ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန (DRDO ) ၏ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အင်န်ကေအာရ်ယာက ပြောကြားသည်။

အိန္ဒိယတွင် ကာကွယ်ရေးစနစ်များ တင်ပို့ရောင်းချနိုင်သည့် အလားအလာများစွာ ရှိနေကြောင်းလည်း ၎င်းက ပြောကြားသည်။

“အိနိ္ဒိယရဲ့ ပြည်ပကို ကာကွယ်ရေးဆိုင်ရာစနစ်များ ရောင်းချနိုင်မှု အလားအလာ များစွာ ရှိပါတယ်။ DRDO က ပြည်တွင်း လက်နက်စနစ်အများစုကို ထုတ်လုပ်နေပြီး ပြည်ပကို ရောင်းချနေပါတယ်။ ရေရှည်မှာ ပိုမိုထုတ်လုပ်ရောင်းချသွားဖို့လည်း ရှိပါတယ်” ဟု အာရ်ယာက ပြောကြားသည်။

DRDO နှင့် ပတ်သက်၍ ARMY-2021 တွင် အာရ်ယာက “အိန္ဒိယက ဒီကာကွယ်ရေးစနစ်တွေကို ပြည်ပကို ရောင်းချနိုင်တယ်ဆိုတာ အများစုက မသိကြပါဘူး။ သိအောင်လည်း လုပ်ရပါမယ်” ဟု ၎င်းက ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနခွဲဖြစ်သော DRDO သည် ဩဂုတ် ၂၂ ရက်မှ ၂၈ ရက်အထိ မော်စကိုဒေသ ကူဘင်ခါမြို့တွင် ကျင်းပနေသည့် ARMY-2021 ၌ ပါဝင်တက်ရောက်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly