ရိုဟင်ဂျာအပါအ၀င် မြန်မာ့တိုင်းရင်းသားအားလုံး၏ တရားမျှတမှုနှင့် အခြေခံလူ့အခွင့်အရေးများအတွက် အစွမ်းကုန်တိုက်ပွဲ၀င်မည်ဟု NUG ဒု၀န်ကြီးဆို

ရိုဟင်ဂျာအပါအ၀င် မြန်မာ့တိုင်းရင်းသားအားလုံး၏ တရားမျှတမှုနှင့် အခြေခံလူ့အခွင့်အရေးများအတွက် အစွမ်းကုန်တိုက်ပွဲ၀င်မည်ဟု NUG ဒု၀န်ကြီးဆို

ဩဂုတ် ၂၅

ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံ၏ တရားမျှတမှု တန်းတူမှုနှင့် အခြေခံလူ့အခွင့်အရေးများအတွက် အစွမ်းကုန်တိုက်ပွဲဝင်မည်ဟု NUG ၏ ဒုဝန်ကြီးပြောသည်။

ရိုဟင်ဂျာလူမျိုးများ မတရားကျူးလွန်ခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး လူမျိုးစုတစ်စုအပေါ် မတရားကျူးလွန်မှုသည် အခြားလူမျိုးအပေါ် မတရားကျူးလွန်ရာရောက်သည်ဟု ခံယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အမျိုးသမီး၊ လူငယ် နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မအိသဥ္ဇာမောင်က ဆိုသည်။

အတိတ်ကို တာဝန်ယူရင်း၊ အနာဂတ်ကိုလည်း မျှော်ကြည့်ရမည်ဟု ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရမှု ပြန်လည်အမှတ်ရခြင်း နှစ်ပတ်လည်နေ့အတွက် သတင်းထုတ်ပြန်လိုက်သည်။

"ရိုဟင်ဂျာအမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်တွေအတွက်သာမကဘဲ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံအတွက် တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ အခြေခံလူ့အခွင့်အရေးတွေအတွက် အစွမ်းကုန်တိုက်ခိုက်ကာကွယ်ပေးမယ်"ဟု ဒုဝန်ကြီးက ကတိသစ္စာပြုထားသည်။

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch ၏ ဖော်ပြချက်အရ ၂၀၁၇ ခုနှစ်ကစ၍ စစ်တပ်မှ ရိုဟင်ဂျာလူမျိုးများကို သတ်ဖြတ်တာ၊ မုဒိန်းမှုကျူးလွန်တာ၊ မတရားဖမ်းဆီးတာအပြင် နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရိုဟင်ဂျာ ဦးရေ၆ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည်။

လက်ရှိချိန်ထိ ရိုဟင်ဂျာ ဦးရေ ၈၆၀,၀၀၀ သည် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် Cox’s Bazar တွင်နေထိုင်ရဆဲဖြစ်သည်။ ပြည်တွင်းတွင် ကျန်ခဲ့သည့် ရိုဟင်ဂျာဦးရေ ၁၂၈,၀၀၀ ကျော်မှာ ရခိုင်ပြည်နယ်တွင်ရှိသည့် ဒုက္ခသည်စခန်းများ၌ ပညာရေး၊ ကျန်းမာရေး စသည့် အခြေခံလိုအပ်ချက်များစွာနှင့် နေထိုင်နေရဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly