ပန်းတနော်မြို့တွင် NUG, NLD, PDFများကို အကြမ်းဖက်သူများဟု စစ်ကောင်စီ လိုက်လံကြေညာနေ

25 August 2021
ပန်းတနော်မြို့တွင် NUG, NLD, PDFများကို အကြမ်းဖက်သူများဟု စစ်ကောင်စီ လိုက်လံကြေညာနေ

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီကကောင်းကျိုးပြုသူများဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်သူများဖြစ်ကြောင်း ဝါဒဖြန့်ချိမှုများကို လူနေရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် အော်ဟစ်ပြုလုပ်လျှက်ရှိ‌နေသည်။

"နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အဖွဲ့အစည်းဖြင့် သတ်မှတ်ထားသည့် NUG အဖွဲ့နှင့် ၎င်းတို့ကိုထောက်ခံသော အစွန်းရောက် NLDပါတီ၀င်များ ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF အမည်ခံအဖျက်သမားများသည် အစိုးရ ယန္တရားများ ရပ်ဆိုင်းစေရေးအတွက် အရပ်ဖက်ပစ်မှတ်များဖြစ်သည့် စာသင်ကျောင်းများ မီးရှို့ဖျက်ဆီးခြင်း ဗုံးခွဲတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသည်" ဟုကြေညာသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly