ကိုဗစ်ကာကွယ်ဆေးနဲ့နိုင်ငံတကာအခြေအနေ

ကိုဗစ်ကာကွယ်ဆေးနဲ့နိုင်ငံတကာအခြေအနေ

ဩဂုတ်လ ၂၅ ရက်၊

ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး အပြည့်ထိုးထားပြီးသူတွေအနေနဲ့ နောက်ထပ် အားဖြည့်ကာကွယ်ဆေးလုံး Booster dose ထပ်မထိုးခင် အနည်းဆုံး ၂ လလောက်စောင့်ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တိုက်တွန်းလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သိပ်မထိုးရသေးတဲ့နိုင်ငံတွေ ဆေးပိုရအောင်ရည်ရွယ်ချက်နဲ့ ဟန်ဂေရီနိုင်ငံ၊ မြို့တော် Budapest ကိုရောက်နေတဲ့ WHO အကြီးအကဲက အဲဒီလိုတိုက်တွန်းပြောဆိုလိုက်တာပါ။ လူဦးရေအနည်းအကျဉ်းလောက်သာဆေးထိုးပေးရသေးတဲ့နိုင်ငံတွေ ဆေးပိုရအောင် အရင်ဦးစားပေးသင့်တယ်လို့လည်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။ လက်ရှိချိန်ထိ ကာကွယ်ဆေး ၄.၈ ဘီလီယံထိ ဖြန့်ဖြူးပေးခဲ့တဲ့အထဲမှာ ၇၅ ရာခိုင်နှုန်းကို ၁၀ နိုင်ငံက ဝယ်ယူထားတာဖြစ်သလို အာဖရိကဖက်မှာတော့ ကာကွယ်ဆေးထိုးပြီးသူ လူဦးရေ ၂ ရာခိုင်နှုန်းအောက်ပဲရှိနေတာ လက်ခံနိုင်စရာမရှိဘူးလို့လည်း မစ္စတာ Ghebreyesus ကပြောပါတယ်။ Booster dose ထိုးဖို့ပြောဆိုနေကြတဲ့နိုင်ငံတွေတိုးလာနေတဲ့အထဲမှာ ဟန်ဂေရီနိုင်ငံကတော့ ဥရောပသမဂ္ဂထဲက ပထမဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ အမရိကန်ပြည်ထောင်စုနဲ့ အစ္စရေးလ်နိုင်ငံတို့မှာတော့ ပြည်သူတွေကို အားဖြည့်ဆေးလုံးတွေ စထိုးပေးနေတာလည်းရှိသလို မကြာထင်ထိုးပေးဖို့လည်း ပြင်ဆင်နေကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required