မိုးကုတ်မြို့ မြေပြိုမှုတွင် မြေပိသွားသည့် လူ ၁၁ဦး၏ ရုပ်အလောင်းများသာ တူးဖော်ရရှိ

မိုးကုတ်မြို့ မြေပြိုမှုတွင် မြေပိသွားသည့် လူ ၁၁ဦး၏ ရုပ်အလောင်းများသာ တူးဖော်ရရှိ

ဩဂုတ် ၂၄

မိုးကုတ်မြို့ မြေပြိုမှုတွင် နေအိမ်အပျက်အစီးများနှင့်အတူ မြေပိသွားသည် ၁၁ ဦးတွင် အသက်ရှင်ကျန်ရစ်သူမရှိဘဲ ရုပ်အလောင်းများသာတူးဖော်ရရှိခဲ့သည်။

မိုးကုတ်မြို့ အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်တွင် ယနေ့( သြဂုတ် ၂၄ရက်) နံနက် ၆နာရီခန့်က လူနေအိမ်ရှိသည့် နေရာအချို့၌ မြေပြိုကျခဲ့ရာလူ ၁၁ဦး မြေပိ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဒေသခံ လူမှုကူညီရေးအဖွဲ့များက မြေတူးစက်ယန္တရားကြီးများ အသုံးပြုကာ တစ်နေ့လုံးရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်းရုပ်အလောင်းများသာ တွေ့ရှိခဲ့ရသည်ဟု ဒေသခံလူမှုကူညီရေးအဖွဲ့များက ပြောသည်။

သေဆုံးသူများတွင် ကလေးငယ်သုံးဦးပါဝင်ပြီး အမျိုးသား ငါးဦး နှင့် အမျိုးသမီး ‌ခြောက်ဦးစုစုပေါင်း ၁၁ ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly