"ကျွန်တော်တို့ လူငယ်တွေကို ပြည်သူတွေက တမျိုးမမြင်စေချင်ပါဘူး၊ စိတ်ကူးပေါက်တိုင်း လက်နက်ရှိတိုင်း လုပ်ချင်တိုင်လုပ်နေတာမဟုတ်ပါဘူး၊ စနစ်ကျရမယ်၊ ပြည်သူကိုမထိခိုက်ရဘူး။ ဒလန်မဟုတ်ဘူးဆို ပိုဝမ်းနည်းရမယ်လေ၊ ဒလန်စိစစ်ရေးကို သေချာလုပ်ပါတယ်"
မရမ်းကုန်းမြို့နယ် သမိုင်းရှိ နေအိမ်တစ်ခုကို သြဂုတ်လ ၂၃ ရက်ညနေ ၄ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေပစ်ခတ်ခဲ့ရာ မြေအောက်တော်လှန်ရေးတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဖမ်းဆီးပစ်ခတ်ခံခဲ့ရသူနှင့် တစ်ဖွဲ့တည်းဖြစ်သူ မြေအောက်တော်လှန်ရေး လုပ်ဆောင်နေသူတစ်ဦး ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထာသည်။