အဓမ္မလုပ်အားအသုံးပြုထားသည့် သွင်းကုန်များ တင်သွင်းခြင်းကို တားမြစ်သည့် ဥပဒေကြမ်းအား သြစတြေးလျ အထက်လွှတ်တော် အတည်ပြု

အဓမ္မလုပ်အားအသုံးပြုထားသည့် သွင်းကုန်များ တင်သွင်းခြင်းကို တားမြစ်သည့် ဥပဒေကြမ်းအား သြစတြေးလျ အထက်လွှတ်တော် အတည်ပြု

အဓမ္မလုပ်အားအသုံးပြုထားသည့် သွင်းကုန်များ တင်သွင်းခြင်းကို တားမြစ်သည့် ဥပဒေကြမ်းကို သြစတြေးလျ အထက်လွှတ်တော်က အတည်ပြုလိုက်ပြီးနောက် ဝန်ကြီးချုပ်မော်ရစ်ဆန်အစိုးရသည် အကောက်ခွန်ဥပဒေများကို ပိုမိုတင်းကြပ်ရန် ဖိအားပေးမှုနှင့် ရင်ဆိုင်နေရသည်။

တစ်သီးပုဂ္ဂလလွှတ်တော်အမတ် ရက်ပတ်ထရစ်အဆိုပြုသည့် ဥပဒေကြမ်းကို သြဂုတ်လ ၂၃ရက်တွင် ဆီးနိတ် လွှတ်တော်က အတည်ပြုခဲ့သော်လည်း ယင်းဥပဒေကြမ်းအသက်ဝင်ရန်အတွက် အစိုးရ ထိန်းချုပ်ထားသော အောက်လွှတ်တော်ကလည်း အတည်ပြုရန်လိုအပ်သည်။

မူအရ စဉ်းစားရန်နှင့် ထောက်ခံရန် ထိုက်တန်သော ဥပဒေကြမ်း ဟု လစ်ဘရယ်အထက်လွှတ်တော် အမတ်တစ်ဦးက ဆိုသော်လည်း ညွန့်ပေါင်းအဖွဲ့သည် ဆီးနိတ်မှ တဆင့်ဥပဒေပြုရေးကို ထောက်ခံခြင်းမပြုခဲ့ပေ။

ပတ်ထရစ်က ဥပဒေကြမ်းပါ စာပိုဒ်များသည် ခေတ်သစ်ကျွန်ပြုမှုကို တိုက်ဖျက်ရန် နိုင်ငံတကာ ကြိုးပမ်းမှုများတွင် အရေးကြီးသောခြေလှမ်းတစ်ခုဟု ပြောကြားခဲ့သည်။

ဥပဒေကြမ်းအား အောက်လွှတ်တော်တွင် အတည်ပြုရေးမှာ ညွန့်ပေါင်းအစိုးရ၏ တာဝန်ဖြစ်ကြောင်း သူက ဆိုခဲ့သည်။

“အခြားပြန်လည်သုံးသပ်မှုတစ်ခု ပြုလုပ်နေတယ်လို့ပြောပြီး အစိုးရက ဒီကိစ္စကို ရှောင်လွှဲလို့မရပါဘူး” ဟု ပက်ထရစ်က ဆိုသည်။

“ ဒီပြက္ခဒိန်နှစ်အတွင်းမှာ ဒီလွှတ်တော်ရဲ့သက်တမ်းအတွင်းမှာ လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ”

ယင်းဥပဒေကြမ်းသည် အဓမ္မလုပ်အားပေးစေခိုင်း၍ ထုတ်လုပ်သော သို့မဟုတ် ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တစ်ခုလုံးဖြစ်စေတင်သွင်းခြင်းကို တားမြစ်ရန် အကောက်ခွန်အက်ဥပဒေကို ပြင်ဆင်ရလိမ့်မည်ဖြစ်သည်။

တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်မှုများသည် အဆိုပြုချက်၏ အစပြုချက်ဖြစ်သော်လည်း တရုတ်အားတိတိကျကျ ရည်ညွှန်းထားခြင်းမရှိခဲ့ပေမယ့် ယင်းအကြောင်းအရာသည် သြဂုတ်လ ၂၂ရက် ဆီးနိတ်လွှတ်တော်၌ ဆွေးနွေးငြင်းခုံမှုများတွင် အကြိမ်ကြိမ် ဖော်ပြခဲ့သော အရာဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ရက်စက်သည့် အာဏာရှင်စနစ် ဖြစ်ပြီး ပက်ထရစ်၏ ဥပဒေကြမ်းကို မူအားဖြင့်ထောက်ခံကြောင်း လစ်ဘရယ်အထက်လွှတ်တော်အမတ် အိုင်ရစ်အဘေးဇ်က အထက်လွှတ်တော်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly