တရုတ်တွင် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှု ထပ်မံ မတွေ့ရှိတော့ကြောင့်း ထုတ်ပြန်

တရုတ်တွင် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှု ထပ်မံ မတွေ့ရှိတော့ကြောင့်း ထုတ်ပြန်

တရုတ်နို်ငငံတွင် ပထမဆုံးအဖြစ် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုများကို မတွေ့ရှိ‌ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများက ဩဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သလို ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင်ပြန်လည်စတင်ခဲ့သည့် လက်ရှိကူးစက်ခံထားရမှုများကိုလည်း မကြာမီ ထိန်းချုပ်သွားနိုင်မည်ဟု ပြောကြားသည်။

ဇူလိုင် ၂၀ ရက်က နို်ငငံအရှေ့ပိုင်း နန်ယင်းမြို့တော်ရှိ လေဆိပ်အလုပ်သမားအချို့တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရမှုကို စစ်ဆေးတွေ့ရှိပြီး အဓိကအားဖြင့် ၎င်းတို့ထံမှ ရောဂါကူးစက်မှု ဖြစ်ပွားကြောင်း တွေ့ရှိခဲ့ရသည်။

နောက်ဆုံး ကူးစက်မှု ဖြစ်စဉ်တွင် သက်ဆိုင်ရာ နယ်မြေခံအာဏာပိုင်များက ကပ်ရောဂါထိန်းချုပ်ရေး စည်းကမ်းများကို တင်းကြတ်စွာ ချမှတ်ခဲ့ပြီး ရောဂါစစ်ဆေးရန်နှင့် ကူးစက်မှုမဖြစ်စေရန် လူပေါင်းသန်းနှင့်ချီ၍ စစ်ဆေးမှုများ၊ ကူးစက်ခံထားရသူများကို ကုသမှုများ လုပ်ဆောင်ခဲ့သည်။

စီးပွားရေးမြို့တော် ရှန်ဟိုင်းအနီးမှ ကျန်းစုခရိုင်ရှိ နန်ယင်းနှင့်ယန်ကျိုးမြို့တော်များ၌ ရောဂါ အဓိက ပြန်လည်ဖြစ်ပွားခဲ့ရာတွင် သေဆုံးသူမရှိခဲ့ပေ။

နိုင်ငံတွင်း ဩဂုတ်လအစောပိုင်းက ရောဂါကူးစက်မှု အမြင့်ဆုံးသို့ ရောက်ခဲ့ပြီး ပြည်တွင်းကူးစက်မှုသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ၁၀ ဂဏန်းအောက်သို့ ရောက်ရှိခဲ့သည်။

သို့သော် ရှန်ဟိုင်းမြို့တော်ရှိ လေဆိပ် ၂ ခုအနက် ၁ ခုရှိ ကုန်တင်ကုန်ချ အလုပ်သမားများတွင် ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိကာ မြို့တော်အတွင်း ကူးစက်ရောဂါ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်မှုများကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် လူရာပေါင်းများစွာကို သီးခြားနေထိုင်ကုသမှုခံယူစေခဲ့သည်။

ထို့နောက်ပိုင်း မြို့တော်ရှန်ဟိုင်းတွင် ရောဂါကူးစက်ခံရသူ ထပ်မံမတွေ့ရှိတော့ပေ။

တရုတ်နိုင်ငံ ပြည်မကြီးသို့ ရောက်ရှိလာသည့် ခရီးသွားများအပါအဝင် ဩဂုတ် ၂၂ ရက်တွင် ရောဂါကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူ စုစုပေါင်း ၂၁ ဦးနှင့် ဩဂုတ် ၂၁ ရက်တွင် ၃၂ ဦးရှိခဲ့ကြောင်း နိုင်ငံတော် ကျန်းမာရေးကော်မရှင်က ဩဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖျားနာခြင်းကဲ့သို့ ရောဂါလက္ခဏာများမပြသချိန်အထိ ကိုဗစ်-၁၉ ကူးစက်ခံရမှုဟု သတ်မှတ်မထားသူ ၁၆ ဦးရှိကြောင်းလည်း တရုတ်အစိုးရက ထုတ်ပြန်ခံရာ ယခင်နေ့တွေ့ရှိသူ ၁၉ ဦးထက် လျော့နည်းသွားပြီး အားလုံးသူ ပြည်ပနိုင်ငံများမှ ကူးစက်ခံလာရသူများ ဖြစ်သည်။

တရုတ်ပြည်မကြီးတွင် ဩဂုတ် ၂၂ ရက်မတိုင်ခင်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၄၆၅၂ ဦးရှိခဲ့ပြီး သေဆုံးသူ ၄၆၃၆ ဦးရှိခဲ့ကာ ဇန်နဝါရီလမှ ကိန်းဂဏန်းများအတိုင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly