စာချုပ်သက်တမ်းကုန်သည်အထိ ချယ်လ်ဆီးတွင် ကော်စတာရှိမည်ဟု မော်ရင်ဟိုပြော

စာချုပ်သက်တမ်းကုန်သည်အထိ ချယ်လ်ဆီးတွင် ကော်စတာရှိမည်ဟု မော်ရင်ဟိုပြော

ဒီဇင်ဘာ ၁၄၊ လန်ဒန် ။          ။ ဒီယေဂိုကော်စတာသည် လက်ကျန်စာချုပ်သက်တမ်း သုံးနှစ်ကုန်ချိန်အထိ ချယ်လ်ဆီးအသင်းတွင်သာ ဆက်ရှိနေမည်ဟု နည်းပြမော်ရင်ဟိုက ပြောသည်။

အသက် ၂၇ နှစ်အရွယ်ရှိ စပိန်တိုက်စစ်မှူးသည် ပွဲဦးထွက်ရာသီက ဂိုး ၂၀ သွင်းသည့် ခြေစွမ်းမျိုးပြန်မရသေးဘဲ လေးဂိုးသာသွင်းနိုင်ပြီး ရုန်းကန်နေရသည်။ ယင်းတိုက်စစ်မှူးသည် စပါးနှင့်ပွဲတွင် အသုံးမပြုခံရသည့် အရန်ကစားသမားအဖြစ်သာထားခံရသဖြင့် နည်းပြမော်ရင်ဟိုကို လေ့ကျင့်ရေး အဝတ်ဖြင့် ပစ်ပေါက်ခဲ့မှုကိုလည်း ပြန်လည်တောင်းပန်ခဲ့ရသေးသည်။

"သူဒီမှာပျော်နေပါတယ်။ စာချုပ်သက်တမ်းလည်း သုံးနှစ်ကျော်ကျန်သေးတဲ့ နောက်ကစားသမားတစ်ယောက်ပါ။ သုံးနှစ်ကျော်လောက် ချယ်လ်ဆီးမှာ ဆက်ရှိဖို့ ပြဿနာမရှိဘူးလို့ ထင်တယ်"ဟု တနင်္လာနေ့တွင် လက်စတာနှင့်ကစားရမည့်ပွဲမတိုင်မီ မော်ရင်ဟိုက ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ်၌ ပေါ်တိုကို ၂-၀ ဖြင့်နိုင်ခဲ့သည့်ပွဲတွင် ပွဲထွက်ခွင့်ရခဲ့သော ဘရာဇီးဖွား ဒီယေဂိုကော်စတာသည် ၂၀၁၄ နွေရာသီ တွင် အက်သလက်တီကိုမှ ချယ်လ်ဆီးသို့ ပေါင် ၃၂ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။

အက်သလက်တီကိုအသင်းသို့ပြန်လည်ပြောင်းရွှေ့ဖြစ်ဖွယ်ရှိသည်ဟု ကော်စတာက အရိပ်အမြွက်ပြောဆိုခဲ့သော်လည်း မော်ရင်ဟိုက "သူ အဲဒီလိုပြောတာမဟုတ်ပါဘူး။ ဘောလုံးမှာ ဘာမှကြိုမ သိနိုင်ဘူးလို့ ပြောတာပါ။

အက်သလက်တီကိုက အသင်းကောင်းတစ်သင်းပါ။ မက်ဒရစ်က မြို့ကောင်းတစ်မြို့ပါ။ လာလီဂါကလည်း ပြိုင်ပွဲကောင်းတစ်ခုပဲ။ ဒါကြောင့် ၂၇ နှစ်အရွယ် ကစားသမားတစ်ယောက်က ပြန်သွား ဖို့ဖြစ်နိုင်ချေ အကြောင်းကို ဘာကြောင့် မစဉ်းစားနိုင်ရမှာလဲ။ ဒါကို ပြဿနာလို့ ကျွန်တော်ကတော့ မမြင်ပါဘူး"ဟု ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly