လူနေရပ်ကွက်အနီး စစ်ကောင်စီ ထောင်ထားသည့် မိုင်းနင်းမိ၍ အငြိမ်းစားရဲဝန်ထမ်း ခြေဖြတ်ရ

လူနေရပ်ကွက်အနီး စစ်ကောင်စီ ထောင်ထားသည့် မိုင်းနင်းမိ၍ အငြိမ်းစားရဲဝန်ထမ်း ခြေဖြတ်ရ

ကန်ပက်လက် ၊ ဩဂုတ် -၂၃

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ဆယ်မိုင်ကုန်းရပ်ကွက်ရှိ ရန်အောင်ရတနာစေတီဝန်းကျင်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်များထောင်ထားသည့် မိုင်းနင်းမိသဖြင့် အရပ်သားတစ်ဦးခြေ‌ေထာက်ဖြတ်ပစ်လိုက်ရသည်ဟုသိရသည်။

ယနေ့ (ဩဂုတ် ၂၃ရက် )နေ့လည်ပိုင်းတွင်ည ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါအရပ်သားမှာ ရဲဝန်ထမ်း(ငြိမ်း)တစ်ဦးဖြစ်ကာ ပင်စင်ထုတ်ပြီးအပြန်တွင် စစ်ကောင်စီတပ်များထောင်ထားသည့် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရှိခဲ့ခြင်းဖြစ်သည်။

''သူကပင်စင်ထုတ်ပြီး အိမ်ကိုပြန်တဲ့အချိန် လမ်းမှာကားလမ်းကနေသွားဖို့ ပတ်ဝန်းကျင်ကသူတွေ သူ့ကိုပြောကြသေးတယ်။ဒါပေမဲ့ သူက ပြန်နေကြတောလမ်းအတိုင်း ပြန်တဲ့အချိန်မှာ အခုလိုမိုင်းနင်းမိသွားတာ၊ ရပ်ကွက်နားမှာ အခုလိုမိုင်းတွေထောင်တာတော့မလုပ်သင့်ဘူးလေ''ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင်ထိခိုက်ဒဏ်ရာရရှိသူ ဦးလိန်းရွှီ(ရဲငြိမ်း)ကို စေတီအနီးတွင် တပ်စွဲထားသောစစ်ကောင်စီတပ်က ဆေးအဖွဲ့နှင့် ကန်ပက်လက်ကြက်ခြေနီအဖွဲ့က အရေးပေါ်ပြုစုပေးခဲ့ပြီး ပခုက္ကူဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly