တမူးည သေနတ်သံလွှမ်း

တမူးည သေနတ်သံလွှမ်း

တမူးမြို့တွင် ယနေ့ည သေနတ်ပစ်ခတ်သံများအဆက်မပြတ်ထွက်ပေါ်နေသည်ဟု ဒေသခံများကပြောသည်။

သေနတ်သံများသည် ယနေ့ည အစောပိုင်းမှစ၍ ထွက်ပေါ်နေပြီး အသေးစိတ်အခြေအနေကို မသိရှိသေးဟု ဒေသခံတစ်ဦးကပြောသည်။

"တမူး တစ်မြို့လုံး သေနတ်သံနဲ့ ခွေးဟောင်သံတွေပဲ ကြားနေရတော့တယ်" ဟု ယနေ့(သြဂုတ် ၂၂)ရက်ည ၁၀ နာရီခန့်အခြေအနေကို ဒေသခံတစ်ဦးကပြောသည်။

ဒေသတွင်း PDF တပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်ကောင်စီစခန်းအား သွားရောက်တိုက်ခိုက်ခြင်းဟုသတင်းများထွက်နေသလို စစ်ကောင်စီက အကြောက်လွန်ကာ ရမ်းသမ်း၍ ပစ်ခတ်နေခြင်းဟုလည်း သတင်းထွက်နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့သည် အကြမ်းဖက်စစ်ကောင်စီအား လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့သည့် အဦးဆုံးမြို့များအနက် တစ်မြို့ဖြစ်သည်။ဧပြီလအတွင်းကဖြစ်ခဲ့သော တိုက်ပွဲတစ်ခုအတွင်း ဒေသခံလူငယ်များက အကြမ်းဖက်စစ်ကောင်စီအား မြို့တွင်းလမ်းများမှနေ၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်က ၁၈ဦးကျဆုံးသည်အထိ လက်စွမ်းပြနိုင်ခဲ့သည့် မြို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly