ကျေးရွာပေါင်း ၁၇ရွာရှိ အိမ်ထောင်စုပေါင်း ၉၀၀စာအတွက် စားသောက်ကုန် ပေးအပ်လှူဒါန်း

ကျေးရွာပေါင်း ၁၇ရွာရှိ အိမ်ထောင်စုပေါင်း ၉၀၀စာအတွက် စားသောက်ကုန် ပေးအပ်လှူဒါန်း

ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ်အတွင်း ကျေးရွာပေါင်း ၁၇ရွာရှိ အိမ်ထောင်စုပေါင်း ၉၀၀ ကို လွတ်မြောက်နယ်မြေသို့ ရောက်ရှိ‌ေနကြသူများကဆန်၊ ကြက်ဥ ၊ ကြက်သွန်နီ နှင့် မီးဖိုချောင်သုံး ပစ္စည်းများကို ဩဂုတ် ၂၂ ရက်က လှူဒါန်းခဲ့ကြသည်။

COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလတွင် နီးစပ်ရာ ပရဟိသမားများစုပေါင်းကာ နေရပ်ပြန်နိုင်ရေး ‌ဆောင်ရွက်ခြင်းနှင့် COVID-19လူနာများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ‌ဆောင်ရွက်ပေးနိုင်ခဲ့ကြသော်လည်း လက်ရှိအခြေအနေများကြောင့် ထိုသို့ အကူအညီ ဆောင်ရွက်ပေးသူများ လျော့နည်းလာသည့်အတွက် ဒေသခံများ၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးခြင်း ဖြစ်ကြောင်း လှူဒါန်းသူတစ်ဦးက ပြောသည်။

"အစကတော့ ကိုယ့်ရွာနဲ့ အနီးတစ်ဝှိုက်ပဲ လှူဖို့ဆိုပြီးစိတ်ကူးတာ၊ တကယ်လိုအပ်နေတာက နေရာအများစုပဲလေ။ အဲဒါကြောင့် ရထားတဲ့ အလှူငွေပမာဏနဲ့ ရရင် ရသလောက် လိုအပ်တဲ့နေရာတွေ အကုန်လှူပေးဖို့ စီစဉ်လိုက်တာပါပဲ" ဟု အလှူငွေစု‌ဆောင်းကောက်ခံ စီစဉ်‌ပေးသူက ပြောသည်။

အလှူခံ ရရှိသည့် ငွေကြေးအားလုံးကို ယခု ထောက်ပံ့ရေးအစီအစဉ်တွင် အကုန်ပြန်လည် အသုံးပြုကြောင်း၊ ယခုအစီအစဉ်ကို တစ်ဦးတည်း ဦးဆောင်အစပျိုးခဲ့ရကြောင်း ၎င်းကပြောသည်။

ယင်းလှူဒါန်းမှုတွင် ကျေးရွာအတွင်းရှိ ဆရာတော်သံဃာတော်များနှင့် ပရဟိတ လူငယ်တို့က အလှူပစ္စည်းပေးဝေရေးအတွက် ‌ကူညီ‌ဆောင်ရွက်ပေးခဲ့ကြသည်ဟုလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly