ဩဂုတ် ၂၂
မြစ်ကြီးနားမြို့တွင် မိုးများ၍ မြို့ပေါ်ရပ်ကွက်တချို့ရှိ လူနေအိမ်များနှင့် လမ်းမများပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျှက်ရှိသည်။
ယနေ့နံနက် ၄နာရီခွဲအချိန်ခန့်ကစ၍ ယခု သတင်းရေးသားတင်ပြနေချိန်( ညနေ ၅ နာရီ) ထိ မိုးသည်းထန်စွာ ရွာသွန်းလျှက်ရှိသည်။
ယနေ့မြစ်ကြီးနားမြို့တွင် မိုးရေချိန် ၅.၅၁ လက်မခန့် မိုးများရွာသွန်းခဲ့ကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးရုံးက ထုတိပြန်သည့် အချက်အလက်များအရ သိရသည်။