မြစ်ကြီးနားမြို့တွင် မိုးများ၍ မြို့ပေါ်ရပ်ကွက်တချို့ ရေကြီးရေလျှံမှုဖြစ်

မြစ်ကြီးနားမြို့တွင် မိုးများ၍ မြို့ပေါ်ရပ်ကွက်တချို့ ရေကြီးရေလျှံမှုဖြစ်

ဩဂုတ် ၂၂

မြစ်ကြီးနားမြို့တွင် မိုးများ၍ မြို့ပေါ်ရပ်ကွက်တချို့ရှိ လူနေအိမ်များနှင့် လမ်းမများပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျှက်ရှိသည်။

ယနေ့နံနက် ၄နာရီခွဲအချိန်ခန့်ကစ၍ ယခု သတင်းရေးသားတင်ပြနေချိန်( ညနေ ၅ နာရီ) ထိ မိုးသည်းထန်စွာ ရွာသွန်းလျှက်ရှိသည်။

ယနေ့မြစ်ကြီးနားမြို့တွင် မိုးရေချိန် ၅.၅၁ လက်မခန့် မိုးများရွာသွန်းခဲ့‌ကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးရုံးက ထုတိပြန်သည့် အချက်အလက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly