စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား သုတ်သင်ခဲ့သည်ဟု ဗိဿနိုး PDF ဆို

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား သုတ်သင်ခဲ့သည်ဟု ဗိဿနိုး PDF ဆို

ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ထားသည့် ဦးထွန်းထွန်းသည် သေနတ်ပစ်ခတ်ခံခဲ့ရသည်။

ဒေသခံများက စစ်ကောင်စီ၏သတင်းပေး ဒလန်ဟု သတ်မှတ် ထားသည့် ထိုအုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် ပစ်ခတ်သုတ်သင်လိုက်ခြင်းမှာ ဗိဿနိုး PDF၏ လက်ချက်ဟု ၎င်းတို့ကထုတ်ပြန်သည်။

“တပ်မတော် ထောက်ခံပွဲတွေမှာ ဦးဆောင်စီစဉ်သူတစ်ဦး ဖြစ်ပြီး ဒေသအတွင်း ကျေးရွာတွေမှာ စစ်ကောင်စီကို သတင်းပေးနေသူပါ “ ဟု ဗိဿနိုး PDF တာဝန်ရှိသူက ဆိုသည်။

ဦးထွန်းထွန်းအား သြဂုတ် ၂၂ ရက် နံနက် ၉ နာရီဝန်းကျင်အချိန်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြို့သစ်မြို့နယ်တွင် နေထိုင်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်းပေး ဒလန်များနှင့် ၎င်းတို့၏ မိသားစုဝင်များနှင့် နှီးနွယ်ဆက်စပ်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ(လုံးဝ) တာဝန်ယူမည် မဟုတ်ပါကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ဆိုသည်။

သြဂုတ် ၂၁ ရက် နံနက်ပိုင်းအချိန်ကလည်း တောင်တွင်းကြီးမြို့နယ်၏ စစ်ကောင်စီသတင်းပေးဟု ဒေသခံများက သတ်မှတ်ထားသည့် ရာအိမ်မှုး ဦးဇော်လတ် ကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော် က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly