အိန္ဒိယတွင် IS အဖွဲ့အတွက် လုပ်ကိုင်ပေးနေသော အမျိုးသမီး၂ ဦး ကို ဖမ်းဆီး

By gulfnews.com
22 August 2021
အိန္ဒိယတွင် IS အဖွဲ့အတွက် လုပ်ကိုင်ပေးနေသော အမျိုးသမီး၂ ဦး ကို ဖမ်းဆီး

IS အဖွဲ့နှင့် ပတ်သက်မှုဖြင့် တရားစွဲခံထားရသောအမှုနှင့် ဆက်စပ်နေပြီး အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့အတွက် လုပ်ကိုင်ပေးနေသော ကန်နာခရိုင်မှ အမျိုးသမီး ၂ ဦးကို အမျိုးသားစုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) က သြဂုတ်လ ၁၇ ရက်က ဖမ်းဆီးခဲ့သည်။

တရားခံများဖြစ်သော မီဇာဆစ်ဒီးကွာနှင့် ရှီဖာဟာရစ်တို့သည် ကန်နာခရိုင်တွင် နေထိုင်သူများဖြစ်သည်။

IS အဖွဲ့အတွက် ဝါဒဖြန့်ရန်၊ လှုံ့ဆော်ရန်၊ အစွန်းရောက်သောလုပ်ဆောင်မှုပြုလုပ်ရန်နှင့် ယုံလွယ်သော မွတ်စလင် လူငယ်များကို စုဆောင်းရန် Instagramနှင့် အခြားလူမှုကွန်ရက်များတွင် စာမျက်နှာများကို အဆိုပါ အမျိုးသမီး ၂ ဦး က ဖန်တီးခဲ့ကြောင်း စွပ်စွဲခံရသည်ဟု NIA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အိန္ဒိယရာဇသတ်ကြီး (IPC) တွင် ပါရှိသည့် ပုဒ်မအမျိုးမျိုး၊ တရားမဝင် လှုပ်ရှားမှုများ (ကာကွယ်ခြင်း) အက်ဥပဒေဖြင့် ၂၀၂၁ခုနှစ် မတ်လ ၅ ရက်တွင် ကီရာလာမြို့ခံ မိုဟာမက် အာမန်းအမည်ခံ အဒူ ယာဟာနှင့် အပေါင်းအပါများကို အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ NIA က suo-moto အမှုအား မှတ်ပုံတင်ခဲ့သည်။

" IS အဖွဲ့ခွဲများအတွက် အဖွဲ့ဝင်သစ်များစုဆောင်းခြင်းနှင့် အစွန်းရောက်လှုပ်ရှားမှုများ လုပ်ဆောင်ရန် အာမန်းနှင့် အခြားလုပ်ဖော်ကိုင်ဖက်များသည် အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့အတွက် Telegram၊ Hoop နှင့် Instagramကဲ့သို့သော လူမှုမီဒီယာအမျိုးမျိုးတွင် လုပ်ဆောင်နေကြောင်း” NIA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးမှုအရ မီဇာဆစ်ဒီးကွာသည် IS အဖွဲ့နှင့် ဆက်နွှယ်နေကြောင်း တွေ့ရှိခဲ့ရသည်။ သူမသည် ဆီးရီးယားရှိ IS အဖွဲ့နှင့်ပူးပေါင်းရန်အတွက် အပေါင်းအဖော်များနှင့်အတူ အီရန်န်နိုင်ငံ၊ တီဟီရန်မြို့သို့ သွားရောက်ခဲ့သည်။

မိုဟာမက် အာမန်း၏ ညွှန်ကြားချက်များအရ မီဇာဆစ်ဒီးကွာသည် IS အဖွဲ့အတွက် ဝါဒဖြန့်ရန်၊ လှုံ့ဆော်ရန်၊ အစွန်းရောက်သောလုပ်ဆောင်မှုပြုလုပ်ရန်နှင့် ယုံလွယ်သော မွတ်စလင် လူငယ်များကို စုဆောင်းရန်အတွက် Instagram တွင် စာမျက်နှာတစ်ခု ဖန်တီးခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required