တရုတ်က ခြေရာခံစောင့်ကြည့်စနစ်များကို တောင်တရုတ်ပင်လယ်တွင် ဖြန့်ကျက်ချထား

By The HK Post
22 August 2021
တရုတ်က ခြေရာခံစောင့်ကြည့်စနစ်များကို တောင်တရုတ်ပင်လယ်တွင် ဖြန့်ကျက်ချထား

တရုတ်က ရေအောက် စောင့်ကြည့် ထောက်လှမ်းရေးစနစ်များကို တောင်တရုတ်ပင်လယ်အတွင်းနှင့် နိုင်ငံတကာ ရေပြင်အထိ ဖြန့်ကျက်ချထားလျှက်ရှိသည်။

နိုင်ငံရေပိုင်နက်တွင် ရေဒါအများအပြားကို ထားရှိသလို နိုင်ငံတကာ ရေပြင်တွင်လည်း အချို့ကို ချထားလျှက်ရှိည်။ နို်ငငံတကာ အကြံပေးအဖွဲ့အစည်းဖြစ်သည့် Chatham House မှ အာရှ-ပစိဖိတ်အစီအစဉ်၏ ပညာရှင်တစ်ဦးဖြစ်သူ ဘီလ်ဟေတန်က “လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး တရုတ်က တောင်တရုတ်ပင်လယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို စောင့်ကြည့်နိုင်ဖို့ ဂြိုဟ်တု၊ ရေဒါနဲ့ ရေအောက်စနစ်တွေကို တပ်ဆင်ထား ပါတယ်။ ဒါ့အပြင် စပရက်တလေကျွန်းက သန္တာကျောက်တန်းတွေအပေါ်မှာ ကျွန်းတု ၇ ခုကိုလည်း တည်ဆောက်ထား တာကြောင့် ဒီပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အရာတွေနဲ့ မိုးကုတ်စက်ဝိုင်းအထိ ကြည့်နိုင်ပါတယ်” ဟု ပြောကြားသည်။

“အဆိုပါ စနစ်တွေကြောင့် တရုတ်တွေ့အနေနဲ့ ရေတပ်သင်္ဘောဖြစ်စေ၊ ကမ်းရိုးတန်းစောင့် သင်္ဘောဖြစ်စေ၊ လက်နက်ကိုင် အုပ်စုတွေကို ဖြစ်စေ သူတို့မကြိုက်ရင် ရပ်တန့်ခိုင်းလို့ရတယ်။ ဥပမာ အခြားနိုင်ငံတွေက ငါးဖမ်းတာတွေကို ဟန့်တားဖို့နဲ့ ဖြတ်သွားတဲ့ အခြားနိုင်ငံက စစ်သင်္ဘောတွေကို စောင့်ကြည့်တာတွေ လုပ်နိုင်ပါတယ်” ဟု လည်း ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly