ဘုရင့်နောင်တံတားတွင် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရပြီး သေဆုံးနှင့် ဒဏ်ရာရ

ဘုရင့်နောင်တံတားတွင် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရပြီး သေဆုံးနှင့် ဒဏ်ရာရ

ဩဂုတ် ၂၂

ရန်ကုန်တိုင်း ဘုရင့်နောင်တံတားတွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်တချို့ ​ယနေ့နံနက် ၈ နာရီကျော်က ပစ်ခတ်ခံရပြီး သေဆုံးမှုများနှင့် ဒဏ်ရာရသူများရှိကြောင်း ယင်းတံတားအနီး နေထိုင်သူအချို့က ပြောကြားသည်။

လာရောက်ပစ်ခတ်သူမှာ မည်သူမှန်း မသိရသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်မှုများရှိကြောင်း ၄င်းတို့က ပြောကြားသည်။

"အခု လုံခြုံရေးအင်အားက အရမ်းများတယ်။ စစ်ဆေးနေကြတယ်။ လှိုင်သာယာဘက်ရော မရမ်းကုန်းဘက်က အတက်မှာရော စစ်ဆေးနေကြတယ်။ ရှုပ်ယှက်ခတ်နေတယ်" ဟုဒေသခံတစ်ဦးက ပြော သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးနှင့် ဒဏ်ရာရရှိကြောင်း သတင်းများထွက်ပေါ်နေပြီး အရေအတွက်ကို မသိရှိရသေးပေ။

ယင်းအပြင် ရန်ကုန်​မြို့သို့ အခြားမြို့နယ်များမှ ဝင်ရောက်သည့် တံတားအချို့တွင်လည်း စစ်ဆေးမှုများ ရှိနေကြောင်း ရန်ကုန်မြို့ခံအချို့က ဆိုသည်။

" သန်လျင်တံတားမှာလည်း စစ်ဆေးနေတယ်။ ဘာလို့လဲ မသိရဘူး" ဟု ရန်ကုန်မြို့ခံတစ်ဦးကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly