တူရကီသင်္ဘောကို ရုရှက သတိပေးပစ်ခတ်ပြီးနောက် စစ်သံမှူးအား ဆင့်ခေါ်ထား

တူရကီသင်္ဘောကို ရုရှက သတိပေးပစ်ခတ်ပြီးနောက် စစ်သံမှူးအား ဆင့်ခေါ်ထား

မော်စကို၊ ဒီဇင်ဘာ ၁၄ ။             ။ တူရကီငါးဖမ်းသင်္ဘောအား ထိပ်တိုက်တွေ့မှုမဖြစ်ရန်အတွက် စစ်သင်္ဘောများမှနေ၍ သတိပေးပစ်ခတ်လိုက်ရကြောင်း ရုရှက ပြောသည်။

အက်ဂျီအန်ပင်လယ်တွင် တူရကီသင်္ဘောက မီတာ ၆၀၀ အထိ ချဉ်းကပ်လာသဖြင့် လက်နက်ငယ်များဖြင့် ခြောက်လှန့်ပစ်ခတ်လိုက်၍ ပြန်လည်ထွက်ခွာသွားကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သင်္ဘောပစ်ခတ်ခံရသည်ကို သတိပင်မထားမိကြောင်း တူရကီသင်္ဘောမှ ကပ္ပတိန်က ပြောသည်။

အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက်ပြီး မော်စကိုရှိ တူရကီစစ်သံမှူးအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သမ္မန်ဆင့်ခေါ်ထားသည်။

ရုရှလေယာဉ်ကို တူရကီဖက်က ပစ်ချလိုက်ပြီးနောက်ပိုင်း တူရကီနှင့် ရုရှနိုင်ငံကြား နှစ်နိုင်ငံဆက်ဆံရေးက တင်းမာလျက်ရှိသည်။

“ကျွန်တော်တို့က တင်းမာမှုတွေကို မလိုလားပါဘူး။ ပဋိပက္ခထိပ်တိုက်တွေ့တာထက် ဆွေးနွေးမှုတွေကနေ တင်းမာမှုတွေကို ကျော်လွှားဖြေရှင်းဖို့ အမြဲလိုလားခဲ့တာပါ။”ဟု ယခုဖြစ်ရပ်ပေါ်ပေါက်ပြီးနောက် တူရကီနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly