ရေစကြိုမြို့ရှိ ပခန်းကြီးနယ်မြေရဲစခန်းတွင် ဒုတိယအကြိမ် ပေါက်ကွဲမှုဖြစ်

By The Nation Voice
21 August 2021
ရေစကြိုမြို့ရှိ ပခန်းကြီးနယ်မြေရဲစခန်းတွင် ဒုတိယအကြိမ် ပေါက်ကွဲမှုဖြစ်

ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ရှိ လျှပ်စစ်ရုံးနှင့် ပခန်းကြီး နယ်မြေရဲစခန်းတို့တွင် ယနေ့ (ဩဂုတ် ၂၁)နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပခန်းကြီးစခန်းတွင် နေ့လည် ၁ နာရီခန့်က ပေါက်ကွဲခဲ့ပြီး လျှပ်စစ်ရုံးတွင် နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်က ပေါက်ကွဲခဲ့သည်။ ထိုရဲစခန်းတွင် ဩဂုတ် ၁၉ရက်ကလည်း ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ခဲ့ပြီး ယခုအကြိမ်သည် သုံးရက်အတွင်း ဒုတိယအကြိမ်မြောက် ပေါက်ကွဲခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ရောက်လာပြီး လမ်းသွားလမ်းလာများကို ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

"ထိခိုက်မှုကတော့ ရှိတယ် ။ ဘယ်လောက်ရှိလဲ ဆိုတာမသိဘူး " ဟု ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ် ၁၉ ရက် နံနက်ပိုင်းက ရေစကြို PDF တည်နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် လာရောက်စီးနင်းသဖြင့် စခန်းကိုစွန့်ခွာ ထွက်ပြေးခဲ့ကြရသော်လည်း ရေစကြိုမြို့နယ် ထွေ/အုပ်ရုံး ၊ မြန်မာ့စီးပွား‌ရေးဘဏ်နှင့် ပခန်းကြီးနယ်မြေရဲစခန်းတို့ကို ဗုံးခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက် နှင့် သြဂုတ် ၉ ရက်တွင် လျှပ်စစ်မီတာမဆောင်သည့် ပြည်သူများကို မီးဖြတ်ထားမှုကြောင့် PDFအဖွဲ့က ဗုံးထောင်ခဲ့သဖြင့် EPC ရုံးတွင် ဗုံးပေါက်ကွဲခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly