နွေဦးထီကိုအားပေးသော K-pay account ၄၀ ကို ဆိုင်းငံ့ထားရန် စစ်ကောင်စီက ညွှန်ကြား

နွေဦးထီကိုအားပေးသော K-pay account ၄၀ ကို ဆိုင်းငံ့ထားရန် စစ်ကောင်စီက ညွှန်ကြား

ဩဂုတ် ၂၁

အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချနေသော အောင်လံလွှင့်ချီ၊နွေဦးထီကို မြန်မာပြည်သူများ ဝယ်ယူအားပေးခြင်းမပြုရန် တားဆီးမှုအဖြစ် အာဏာသိမ်းစစ်ကောင်စီက ကမ္ဘောဇဘဏ်၏ KBZ Pay အကောင့် ၄၀ ခန့်ကို ဆိုင်းငံ့ပိတ်ပင်ထားရန် ညွှန်ကြားထားသည်ဟု ဘဏ်ဝန်ထမ်းအသိုင်းအဝိုင်းကတဆင့်သိရသည်။

နွေဦးထီ ဝယ်ယူခြင်း၊တစ်ဆင့် ရောင်းဝယ်ခြင်း၊ ငွေလွှဲခြင်းများ ပြုလုပ်နေသည်ဟုယူဆသော KBZ pay အကောင့်‌ ၄၀ ကိုဆိုင်းငံ့ပိတ်ပင်ပြီး အကောင့်ပိုင်ရှင်များ၏သတင်းအချက်အလက်များပေးပို့ရန်လည်း ညွှန်ကြားထားသည်ဟု သတင်းအရင်းအမြစ်ကပြောသည်။

"အခုထီကိစ္စမှာ Bank အကောင့်‌တွေနဲ့ မသက်ဆိုင်ဘဲ Kbz pay acc တွေကို စီစစ်နေတာလို့လည်း သိရပါတယ်။ အခုလို အကောင့် ၄၀ ကို ပိတ်သိမ်းခိုင်းတာဟာ မနေ့က ညွှန်ကြားချက်ဖြစ်ပြီး ဒီနေ့အကောင့် ဘယ်‌လောက် ထပ်တိုးလာမလဲဆိုတာ မသိရသေးဘူး"ဟု ၎င်းကဆိုသည်။

အကောင့်များသည် level 2 ဖြစ်ခြင်း၊ ငွေလွှဲရသည့်အကြောင်းအရာရေးသားဖော်ပြချက် Description တွင် နွေဦးထီနှင့် ပတ်သက်သည့် အကြောင်းအရာများပါခြင်း အစရှိသည်တို့ကို အဓိက စစ်ဆေးကာ ပိတ်ခိုင်းထား‌ကြောင်း ၎င်းကရှင်းပြသည်။

အလားတူညွှန်ကြားချက်များကို အခြားသောဘဏ်များကို ညွှန်ကြားထားခြင်း ရှိမရှိကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly