Radio NUG ကို တရားမဝင်ဟုဆိုကာ ကူညီသူများကို အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

Radio NUG ကို တရားမဝင်ဟုဆိုကာ ကူညီသူများကို အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ဩဂုတ် ၂၁

အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်လွှင့်သည့် Radio NUG လှိုင်းသည် ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်လွှင့်ခွင့် ပြုထားသည့် ရေဒီယိုလိုင်းမဟုတ်သည့်အတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ပါက အရေးယူခံရမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီပြန်ကြားရေးဌာနက ဩဂုတ် ၂၀ ရက် ည ၈ နာရီတွင် ကြေညာခဲ့သည်။

Radio NUG ကိုနားဆင်လိုသည့် ပြည်သူများ‌ကြောင့် ဈေးကွက်အတွင်း ရေဒီယို ဝယ်လိုအားများလာပြီးနောက် ယင်းကဲ့သို့ အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက်လာခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်လွှင့်သည့် Radio NUG ကို ယနေ့ (ဩဂုတ် ၂၀ ရက် )တွင် စတင် စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး နေ့စဉ် နံနက် ၈ နာရီတွင် တစ်ကြိမ်၊ ည ၈ နာရီတွင် တစ်ကြိမ် မိနစ် ၃၀ ကြာ ထုတ်လွှင့်သွားမည်ဖြစ်သည်။

Radio NUG ကို ဖုန်းတွင်ပါသည့် FM ရေဒီယိုဖြင့် ဖမ်းယူနားဆင်နိုင်မည်မဟုတ်ဘဲ အိမ်သုံးရေဒီယို 10 Band Digital Radioဖြင့် လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁၇ ဒသမ ၇၁ တွင် ဖမ်းယူနားဆင်နိုင်ကြောင်း NUG က ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly