ကိုဗစ် ကူးစက်မှု ပြန်လည်မြင့်တက်လာချိန်တွင် တရုတ်နိုင်ငံ၏ လက်လီရောင်းအားများ တုံ့ဆိုင်း

ကိုဗစ် ကူးစက်မှု ပြန်လည်မြင့်တက်လာချိန်တွင် တရုတ်နိုင်ငံ၏ လက်လီရောင်းအားများ တုံ့ဆိုင်း

တရုတ်နိုင်ငံတွင် မကြာသေးမီက ရေလွှမ်းမိုးမှုများကြောင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲဖြစ်ခဲ့ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်လည်မြင့်တက်လာချိန်တွင် လက်လီရောင်းချမှုများနှင့် စက်မှုထုတ်လုပ်မှု တိုးတက်မှု နှုန်းသည် ဇူလိုင်လတွင် နှေးကွေးသွားခဲ့ကြောင်း သြဂုတ်လ ၁၆ရက်တွင် ထုတ်လုပ်လိုက်သည့် တရားဝင်ကိန်းဂဏန်းက ဖော်ပြထားသည်။

၂၀၂၀ပြည့်နှစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားချိန်တွင် အစုလိုက် အပြုံလိုက် ဗိုင်းရပ်စ် စစ်ဆေးခြင်းနှင့် တင်းကြပ်သောကန့်သတ်ပိတ်ဆို့မှုများဖြင့် အနိုင်ယူခဲ့မှုကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော တရုတ်နိုင်ငံသည် လျင်မြန်စွာပြန်လည်နာလန်ထူလာခဲ့သည်။

သို့သော် Delta မျိုးကွဲဗိုင်းရပ်စ်ကြောင့် နိုင်ငံတစ်ဝန်း ရောဂါကူးစက်မှုများက ဒေသအလိုက် ပိတ်ဆို့မှုအသစ်များနှင့် ကျယ်ပြန့်သောခရီးသွားလာခွင့်ကန့်သတ်မှုများနှင့်အတူ စီးပွားရေး တိုးတက်မှု အခြေအနေကောင်းကို ခြိမ်းခြောက်ခဲ့သည်။

လက်လီရောင်းအားသည် ဇူလိုင်လတွင် ၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု အမျိုးသားစာရင်းအင်းဗျူရို၏ သြဂုတ်လ ၁၆ရက်တွင် ထုတ်ပြန်ချက်သည် Bloomberg ၏ သုံးသပ်ခန့်မှန်းချက်ထက် လျော့နည်းနေသည်။

ယင်းကိန်းဂဏန်းသည် ဇွန်လတွင်ရှိခဲ့သည် ၁၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်မှုထက် နည်းသော်လည်း ဇူလိုင်လက နေရာများစွာတွင် ဗိုင်းရပ်စ်ကူးစက်မှုပြန်လည်ဖြစ်ပေါ်လာခြင်းကို ရောင်ပြန်ဟပ်နေသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

“ပြည်တွင်းကူးစက်ပျံ့နှံ့မှုများနှင့် သဘာဝဘေးအန္တရာယ်များသည် အချို့ဒေသများ၏ စီးပွားရေးကို ထိခိုက်ခဲ့ပြီး စီးပွားရေးပြန်လည်နာလန်ထူမှုကို မတည်မငြိမ် တစ်ဖက်စောင်းနင်းဖြစ်စေသည်” ဟု အမျိုးသားစာရင်းအင်းဗျူရို(NBS) ပြောရေးဆိုခွင့်ရှိသူ ဖူလင်ဟွေက သြဂုတ်လ ၁၆ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သို့သော် သူက ခြုံငုံသုံးသပ်ကြည့်ပါက နိုင်ငံ စီးပွားရေးသည် တည်ငြိမ်ပြီးပြန်လည် ကောင်းမွန်နေသည် ဟု ထပ်လောင်း ပြောကြားခဲ့သည်။

စက်မှုလုပ်ငန်းထုတ်လုပ်မှုသည် ဇူလိုင်လတွင် ၆ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဇွန်လထက် လျော့ကျခဲ့သည်ဟု NBS ကဆိုသည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ မြို့ပြအလုပ်လက်မဲ့နှုန်းသည် ၅ ဒသမ ၁၅ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly