ဖားကန့် မြေပြိုမှု ၃ ဦးပျောက်ဆုံးနေ

ဖားကန့် မြေပြိုမှု ၃ ဦးပျောက်ဆုံးနေ
Photo - AFP

ဩဂုတ် ၂၀

ဖားကန့်တွင် ယနေ့ ညနေက မိုးများနေချိန် မြေပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ အနည်းဆုံးသုံးဦးပျောက်ဆုံးနေသည်ဟု ​ဒေသခံများကပြောသည်။

ဖားကန့်မြို့နယ်လုံးခင်းအုပ်စု သာယာကုန်းကျေးရွာအနီးမှ  အမြင့်ပေ နှစ်ရာ ခန့်ရှိ  ကမ်းပါးယံသည် ညနေ လေးနာရီခန့်က မြေပြိုကျခဲ့ခြင်းဖြစ်သည်ဟု ယင်းကျေးရွာတွင်နေသူတစ်ဦးကပြောသည်။

မြေပြိုကျမှုကြောင့် အသက် ၂၂ နှစ်မှ ၅၀နှစ်ခန့်ရှိ အမျိုးသားသုံးဦးမြေပိပျောက်ဆုံးနေသည်ဟု သိရသည်။မြေစာပိ၍ ပျောက်ဆုံးနေသူ သုံးဦးကို  လူမူကယ်ဆယ်ရေး အရပ်ဘက် အဖွဲ့များက ရှာဖွေနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly