ဖားကန့်ရဲ သေနတ်ဖြင့်ပစ်သတ်ခံရ

ဖားကန့်ရဲ သေနတ်ဖြင့်ပစ်သတ်ခံရ

ဩဂုတ် ၁၉

စစ်အာဏာရှင်ဆန့်ကျင်ရေး ပြင်းထန်သည့် ကချင်ပြည်နယ် ဖားကန့်တွင် ယနေ့ညနေက ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများကပြောသည်။

တပ်သားဝင်းမြင့်သည် ဖားကန့်မြို့၊ လုံးခင်းကျေးရွာဘောလုံးကွင်းအနီးတွင် ယနေ့ ညနေ ငါးနာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။

" ဘောလုံးကွင်းအနီး တစ်နေရာမှာ အပစ်ခံရတာ။ ရဲက AD ဗင်ကားနဲ့လာတာကို အနီးကပ်ပစ်သွားတာ" ဟု ဆိုသည်။

ဖားကန့်ဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ယနေ့ထက်ထိ အရှိန်မြင့်နေဆဲဖြစ်ပြီး လူထုဆန္ဒထုတ်ဖော်မှုများကို နေ့စဉ် ပြုလုပ်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly