Food Panda ပို့သူကို လူ ၈ ဦးက ဓားဖြင့်ခုတ်လုယက်

Food Panda ပို့သူကို လူ ၈ ဦးက ဓားဖြင့်ခုတ်လုယက်

ဩဂုတ် ၁၉

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာအိမ်ရာဝင်းတွင် Food Panda ဝန်ထမ်းတစ်ဦးကို လူရှစ်ဦးက ဓားဖြင့်ခုတ်၍ လုယက်မှုဖြစ်ခဲ့သည်။

မြရည်နန္ဒာအိမ်ရာတွင် နေသူတစ်ဦးက အစားအသောက်အော်ဒါမှာ၍ ဆိုင်ကယ်ဖြင့် လာပို့သည့် Food Panda ဝန်ထမ်းကို အမျိုးသားရှစ်ဦးက ဓားဖြင့် ခုတ်၍ ရန်ပြုကာ လုယက်ခဲ့ခြင်းဖြစ်သည်။

" နေ့လည် ၁၂ နာရီလောက်က ဖြစ်တာ။ဆိုင်ကယ်ကို လုပြေးတာ။ ကောင်လေး(Food Panda ဝန်ထမ်း) လည်း ထိသွားတယ်။ လုယက်သူတွေကိုလည်း ဝိုင်းဖမ်းကြတာ သုံးယောက်မိတယ်" ဟု အခင်းဖြစ်ပွားရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် စစ်ကောင်စီက နေအိမ်ပြင်ပဈေးဝယ်ထွက်ခွင့်ကို နံနက် ၄ နာရီမှ နံနက် ၉ နာရီအထိတစ်ကြိမ်၊ ညနေ ၃ နာရီ ၃၀ မိနစ်မှ ညနေ ၆ နာရီ ၃၀ မိနစ်အထိတစ်ကြိမ်သာ ခွင့်ပြုထားသည်။ စစ်ကောင်စီက လုံခြုံရေးယူထားချိန်တွင် ဖြစ်ပွားခဲ့သည့် ယင်းလုယက်မှုအပေါ် ဒေသခံများက သံသယရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly