မန္တလေးမြို့ မြရည်နန္ဒာအိမ်ရာ ဧည့်စာရင်းတိုင်းတဲ့နေရာ ပေါက်ကွဲမှုဖြစ်

19 August 2021
မန္တလေးမြို့ မြရည်နန္ဒာအိမ်ရာ ဧည့်စာရင်းတိုင်းတဲ့နေရာ ပေါက်ကွဲမှုဖြစ်

ဩဂုတ်-၁၉

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊၄၄လမ်းနဲ့၄၅လမ်းကြား၊၁၁၇(D)လမ်း၊မြရည်နန္ဒာ အိမ်ရာ နေထိုင်သူအချို့ ဧည့်စာရင်းတိုင်တဲ့ ဓမ္မာရုံမှာ ဩဂုတ် ၁၉ရက်၊ညနေ ၄နာရီ ခွဲကျော်က ပေါက်ကွဲမှုဖြစ်တဲ့အတွက် ရာအိမ်းမှူး တစ်ဦး အပါအဝင် အနည်းဆုံး ငါးဦးထက် မနည်းဒဏ်ရာရပြီး တစ်ဦးသေဆုံးတယ်လို့ ကနဦးသိရပါတယ်။

"သေတဲ့သူက ရာအိမ်မှူးလား၊အုပ်ချုပ်ရေးမှူးလား မသိဘူး။လေးဦး ဒဏ်ရာရတာတော့ သေချာတယ်။လက်ပစ်ဗုံးနဲ့ပစ်သွားတာပါ။"လို့ မျက် မြင်တွေ့သူတစ်ဦးကပြောပါတယ်။

စစ်ဖိနပ်အောက် ဒူးထောက်သူတွေအကုန်လုံး လုံခြုံမှာ မဟုတ်သလို ဧည့်စာရင်း မတိုင်ကြဖို့ကိုလည်း ပစ်ခတ်သူတွေက အော်သွားတယ်လို့ အဲဒီ ပတ်ဝန်းကျင်မှာ နေထိုင်သူတစ်ဦးကဆိုပါတယ်။

မြရည်နန္ဒာအိမ်ရာအတွင်း နေထိုင်သူတွေကို ဧည့်စာရင်တိုင်းဖို့ အာဏာသိမ်း လက်နက်ကိုင်အဖွဲ့က ြခိမ်းခြောက်ပြောဆိုထားပြီး နေ့စဥ် နီးပါး အိမ်ရာအတွင်း အကြမ်းဖက် ဝင်ရောက် ရှာဖွေ ဖမ်းဆီးတာတွေလည်း လုပ်နေတယ်လို့သိရပါတယ်။ ==============================================

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly